ကျို ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကျို ခြင်း ( Boiling )[ပြင်​ဆင်​ရန်​]

မြန်မာ့ချက်ပြုတ်နည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာ့ဆေးဝါးဖော်စပ်ရာတွင်လည်းဤ ချက်ပြုတ်နည်းကိုအထူးအလေးပေး အသုံးများကြသည်။ မီးအပူရှိန်မှန်မှန်ဖြင့်ကြာမြင့်အောင် တိုးတည်ထားသည့်နည်းမျိုးဖြစ်သည်။ မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုသော သစ်မြစ်၊ သစ်ရွက်၊ သစ်ခေါက်၊ သစ်ဥ စသည်တို့တွင် ပါရှိသည့် ဓာတ်သဘာ၀များကို ထုတ်ယူရာတွင် ဤကဲ့သို့မီးဖိုပေါ် ၌ကြာမြင့်အောင် မီးရှိန်နည်းနည်းဖြင့် ထားခြင်းကို ဆေးကျိုသည်ဟုခေါ်တွင်ကြသည်။ ရေနွေးကိုလည်းကျိုသည်ဟုပင်သုံးနှုန်းသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ​နိုင်ငံ​မိ​ခင်​နှင့်​ကလေး​စောင့်ရှောက်​ရေး​အသင်း​ချက်​ပြုတ်​အတတ်​ပညာ . စန်း​လေး(အိမ်​တွင်း​မှု)