ကျန်းမာရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနထားရှိပါသည်။ လက်ရှိ ကျန်းမာရေးဝန်ကြီး မှာ ဒေါက်တာဖေသက်ခင် ဖြစ်ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားပါသည်။ ၎င်းဦးစီးဌာနများမှာ-
- ကျန်းမာရေး ဦးစီးဌာန
- ကျန်းမာရေး စီမံကိန်း ဦးစီးဌာန
- ဆေးသုတေသန ဦးစီးဌာန (မြန်မာပြည် အထက်ပိုင်း)
- ဆေးသုတေသန ဦးစီးဌာန (မြန်မာပြည် အလယ်ပိုင်း)
- ဆေးသုတေသန ဦးစီးဌာန (မြန်မာပြည် အောက်ပိုင်း)
- ဆေးသိပ္ပံပညာ ဦးစီးဌာန
- တိုင်းရင်းဆေးပညာ ဦးစီးဌာန တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ကာ အားသွန်ဆောင်ရွက်လျက် ရှိသည်။
ဤဝန်ကြီးဌာနရှိ အတွင်းဝန်များအောက်တွင် ညွှန်ကြားရေးဝန် တစ်ဦးရှိသည်။ ထိုညွှန်ကြားရေးဝန်ကို ကူညီရန် ဒုတိယညွှန်ကြားရေးမှူးဝန် ၄ ဦး၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးဝန်များ ထားရှိသည်။ မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ္တဇရောဂါကု ဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါ ကုဆေးရုံနှင့် တီဗီရောဂါကု ဆေးရုံများလည်း ရှိသည်။
၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
