ကောင်းမှုပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကောင်းမှုပင်၏ အရွက်နှင့် အဖူးအပွင့်များ

ကောင်းမှုပင်[ပြင်​ဆင်​ရန်​]

ကောင်းမှုပင်သည် သစ်ပင်ကြီးမျိုး ဖြစ်၍ ရခိုင်တိုင်းတောင်ပိုင်း၊ ပဲခူးရိုးမနှင့် တနင်္သာရီတိုင်းရှိ အမြဲစိမ်း တောများ၌ ပေါက်သည်။ အမြင့်ပေ ၁၅ဝ ခန့်နှင့် လုံးပတ် ၁ဝ ပေမှ ၁၅ ပေခန့်အထိ ရှိတတ်သည်။ ပဲခူးရိုးမ ကဲ့သို့သော အချို့အရပ်ဒေသများ၌ သင်္ကတူ (သင်္ကန်းတူ)ပင်ကို ကောင်းမှုပင်ဟူ၍ မှားယွင်းခေါ်လေ့ရှိကြသည်။ ထားဝယ်နယ် တွင် ကဘန်ကောင်းမှုပင်ဟုခေါ်သော ကောင်းမှုပင်တစ်မျိုး ရှိသေးသည်။

ကောင်းမှုသားသည် ပေါ့၍ခိုင်ခံ့သော်လည်း တာရှည်မခံချေ။ သို့ဖြစ်၍ လက်ဖက်ခြောက်ကဲ့သို့ စားသုံးစရာပစ္စည်းများ ထည့် ရန် ပေါ့ပါးသော သေတ္တာများနှင့် ရိုးရိုးအိမ်အသုံးအဆောင်များ လုပ်ရန်လောက်သာ သင့်လျော်သည်။ သို့သော် မြန်မာနိုင်ငံ၌ လှေစပ်ရန်အတွက်လည်း ကောင်းမှုသားကို အသုံးများခဲ့ပေ သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)