ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
From Wikipedia
နျူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခန်းမဆောင် |
|
| အမျိုးအစား | ဦးဆောင်အဖွဲ့အစည်း |
| အတိုကောက် | UNSC |
| ဦးဆောင်သူ | ပြင်သစ် ၂၀၀၉ ခုနှစ် မတ်လ |
| လက်ရှိအနေအထား | လုပ်ဆောင်ဆဲ |
| တည်ထောင်နှစ် | ၁၉၄၆ |
| ဝက်ဘ်ဆိုက် | www.un.org/sc |
| Wikimedia Commons |
|
| Portal | |
|---|---|
Contents |
[ပြင်ဆင်ရန်] လုံခြုံရေးကောင်စီ (The Security Council)
[ပြင်ဆင်ရန်] အခြေခံ တာဝန်
ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ဘောင်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရသည်။
[ပြင်ဆင်ရန်] တာဝန်
အဖွဲ့ဝင်များသည် ကောင်စီ၏ ဆုံးဖြတ်ချက်များကို အရေးယူဆောင်ရွက်ရသည်။
နိုင်ငံတကာငြိမ်းချမ်ရေးအတွက် အန္တရာယ်ရှိလာပါက ကောင်စီသည် ဦးစွာပထမ သက်ဆိုင်ရာတို့အား ငြိမ်းချမ်းသောနည်းဖြင့် သဘောတူညီမူရရန် တောင်းဆိုပြောကြားရသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာပါက ကောင်စီသည် အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းရသည်။
ပြဿနာဖြစ်နေသော နေရာများသို့ ငြိမ်းချမ်းမူထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ကောင်း စေလွှတ်ပေမည်။
[ပြင်ဆင်ရန်] အဖွဲ့ဝင်
အဖွဲ့ဝင်များမှာ အမြဲတန်းအဖွဲ့ဝင်နှင့် အလှည့်ကျအဖွဲ့ဝင် ဟူ၍ ရှိပါသည်။ အမြဲတန်း အဖွဲ့ဝင်များမှာ "ဗီတို" အာဏာ ကိုင်တွယ် သုံးစွဲခွင့်ရှိသည်။ အမြဲအဖွဲ့ဝင်များမှာ တရုတ်၊ ပြင်သစ်၊ ရုရှား ဖက်ဒရေးရှင်း၊ ဗြိတိန် နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်သည်။
အလှည့်ကျအဖွဲဝင် ၁၀ နိုင်ငံ၏သက်တမ်းမှာ ၂ နှစ်ဖြစ်သည်။ တနှစ်လျှင် ၅ နိုင်ငံကျစီ နှစ်စဉ်ရွေးချယ်ပေးသည်။
[ပြင်ဆင်ရန်] အစည်းအဝေး
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါက ကောင်စီ အစည်းအဝေးကို အချိန်မရွေးခေါ်ယူ ကျင်းပနိုင်သည်။
သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စများနှင့် စပ်လျဥ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ဆုံးဖြတ်ချက်ကို ဆန္ဒမဲကိုးမဲဖြင့် ချမှတ်သည်။
[ပြင်ဆင်ရန်] ကျမ်းကိုး
ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်