ကီးဘုတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လက်ပ်တော့ပ်မှ ကီးဘုတ်

ကွန်ပျူတာတွင် တပ်ဆင်သော ကီးဘုတ်ဆိုသည်မှာ လက်နှိပ်စက်နှင့် အလားသဏ္ဍာန် တူသော လက်ကွက်ခလုတ်များ ဖြစ်၍ စက်မှုဆိုင်ရာ လီဗာ ကဲ့သို့ သို့မဟုတ် အီလက်ထရွန်းနစ် ခလုတ်ကဲ့သို့ အလုပ်လုပ်သည်။ ပန့်ချ်ကတ်များ နှင့် စက္ကူတိပ်များကို အသုံးပြု၍ ကွန်ပျူတာနှင့် ဆက်သွယ်ခြင်းများ နည်းပါးလာသည့်နောက်တွင် ကီးဘုတ်များသည် ကွန်ပျူတာအတွက် အချက်အလက်များ ထည့်သွင်းပေးနိုင်သည့် အဓိက ကိရိယာများ ဖြစ်လာကြသည်။

မောက်စ်၊ ထိတွေ့ထိန်းချုပ်နိုင်သော မျက်နှာပြင်၊ ဘောပင်ကဲ့သို့ ရေးသားနိုင်သော ကိရိယာများ၊ စာလုံးကို မှတ်မိနိုင်ခြင်း၊ အသံကို မှတ်မိနိုင်ခြင်း စသည့် နည်းပညာများကို တီထွင်လာကြသော်လည်း ကီးဘုတ်များသည် ကွန်ပျူတာတွင် အသုံးအများဆုံးသာ ဖြစ်နေသေးသည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်