ကိုလော့စီယမ်

ဝီကီပီးဒီးယား မှ
ရောမမှ ကိုလော့စီယမ်

ကိုလော့စီယမ် (အင်္ဂလိပ်: Colosseum သို့မဟုတ် Coliseum; /kɒləˈsəm/ kol-ə-SEE-əm) သည် မူလအခေါ်အားဖြင့် ဖလေဗီယမ် အမိုးပွင့်ဇာတ်ရုံ (အင်္ဂလိပ်: Flavian Amphitheatre; လက်တင်: Amphitheatrum Flavium; အီတလီ: Anfiteatro Flavio [amfiteˈaːtro ˈflaːvjo])သည် ဘဲဥပုံသဏ္ဌန်ဆောက်လုပ်ထားသော အမိုးပွင့်ဇာတ်ရုံဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့၏ အလည်တွင် တည်ရှိသည်။ ရောမအင်ပိုင်ယာခေတ်တွင် တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အကြီးဆုံးဖြစ်သည်။ ထိုအဆောက်အဦးသည် ရောမဗိသုကာပညာနှင့် ရောမအင်ဂျင်နီယာပညာ၏ အခမ်းနားအကြီးကျယ်ဆုံးသော ပြယုဂ်တစ်ခုလည်းဖြစ်သည်။