ကိုယ်သီး

ဝီကီပီးဒီးယား မှ

ပန်းချီ ကိုယ်သီးသည် ပန်းချီဦးသောင်းဟန်၊ ပန်းချီမောင်မောင်သိုက်တို့ထံမှ ပန်းချီပညာလေ့လာဆည်းပူးခဲ့သည်။ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာအဖြစ် အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ အတွင်းသရုပ်ဖော်ပန်းချီ၊ မျက်နှာဖုံးပန်းချီများစွာ ရေးဆွဲခဲ့ပြီး လိုဂိုဒီဇိုင်းများလည်း ဖန်တီးခဲ့သည်။ ယခုလက်ရှိအချိန်တွင် ပန်းချီကားများကိုသာ တစိုက်မတ်မတ်ရေးဆွဲလျက်ရှိသည်။ River Gallery မှ ကြီးမှူးကျင်းပသော Myanmar Portrait Awards(2011) ပွဲတွင် World's Pain ပန်းချီကားဖြင့် Second Prize Winner ဆုကို ရရှိခဲ့သည်။ နိုင်ငံတကာပွဲများတွင် ပန်းချီကားများဝင်ရောက်ပြသခဲ့ပြီး Museum အချို့မှ Collect လုပ်ခြင်းခံထားရသော မြန်မာပန်းချီဆရာတစ်ယောက်ဖြစ်သည်။