ကိုယ်ရံတော်နှင့် လူသတ်သမား (ရုပ်ရှင်)
| ကိုယ်ရံတော်နှင့် လုပ်ကြံသူများ 十月圍城 Bodyguards and Assassins |
|
| ဒါရိုက်တာ | Teddy Chen |
|---|---|
| ထုတ်လုပ်သူ | Peter Chan Huang Jianxin |
| သရုပ်ဆောင် | Donnie Yen Leon Lai Nicholas Tse Li Yuchun Wang Xueqi Hu Jun Tony Leung Ka Fai Eric Tsang Simon Yam Fan Bingbing Cung Le Zhou Yun |
| စတူဒီယို | Cinema Popular |
| ထုတ်ဝေသူ | China Film Group |
| ဖြန့်ချိသည့်နေ့ | 18 December 2009 |
| နိုင်ငံ | ဟောင်ကောင် |
| ဘာသာစကား | တရုတ် ကွမ်တုန်း |
| ကုန်ကျငွေ | $23 million USD [၁] |
ကိုယ်ရံတော်နှင့် လုပ်ကြံသူများ (十月圍城) (Bodyguards and Assassins) ဇာတ်ကားသည် ၂၀၀၉ ခုနှစ်တွင် ရုံတင်သည့် ဟောင်ကောင်ရုပ်ရှင်ဖြစ်သည်။ တရုတ်တော်လှန်ရေးသမား ဒေါက်တာ ဆွန်ယက်ဆင် (孫中山) ချင်းမင်းဆက်အား တွန်းလှန်ရန် ဟောင်ကောင်၌ ကြံစီခဲ့ပုံ သမိုင်းအကြောင်းကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားသည့် ဒါရိုက်တာ ချန်တယ်စိန်း၏လက်ရာ အက်ရှင် ဒရာမာ ဇာတ်ကား အမျိုးအစား ဖြစ်သည်။
[ပြင်ဆင်ရန်] ဇာတ်လမ်းအကျဉ်း
၁၉၀၅ ခုနှစ်တွင် ဒေါက်တာဆွန်ယက်ဆင် (ရုပ်ရှင်ထဲတွင် ၎င်း၏အမည်ရင်း စွန်းဝန် ‘孫文’ဟု ခေါ်သည်။) သည် ထိုစဉ်အခါက အဂတိလိုက်စားမှုများဖြင့် ယိုယွင်းပျက်စီး နေပြီဖြစ်သော ချင်းမင်းဆက်အား တွန်းလှန်ရေး ထုန်မုန်ဟွေ့ အဖွဲ့ဝင်များနှင့် ဆွေးနွေးရန် ဗြိတိသျှ ကိုလိုနီဖြစ်သည့် ဟောင်ကောင်သို့သွားဖို့ ရည်ရွယ်ထားသည်။ ထိုအကြောင်းကို သိရှိသည့် ချီရှီး ဧကရီက အဖွဲ့တစ်ဖွဲ့ကို တိတ်တဆိတ် စေလွှတ်ပြီး ဆွန်ယက်ဆင်အား လုပ်ကြံစေသည်။
ဆွန်ယက်ဆင် ဟောင်ကောင်သို့မရောက်မှီ တော်လှန်ရေးသမား သတင်းစာ အယ်ဒီတာချုပ် ချန်ရှောက်ပိုင် (陳少白) က ရက်အနည်းငယ်စော ကျိုရောက်ပြီး တော်လှန်ရေးအတွက် ငွေအားဖြင့် ကူညီနေသည့် စီးပွားရေးသမား လီယွိထန် (李玉堂) နှင့် တွေ့ဆုံသည်။
ဆွန်ယက်ဆင် ရောက်လာမည့်ရက် နီးကပ်လာသည့်အလျောက် ဟောင်ကောင်တွင် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ချန်ရှောက်ပိုင်၏ အသိမိတ်ဆွေများ အသတ်ခံရပြီး ချန်ရှောက်ပိုင်ကလည်း ဝင်ရောက်စီးနင်းမှု တစ်ရပ်တွင် အဖမ်းခံရသည်။ ဟောင်ကောင် ဗြိတိသျှ အစိုးရက သတင်းစာတိုက်ကို ပိတ်လိုက်ပြီးနောက် လီယွိထန်က တော်လှန်ရေးကို ထောက်ခံကြောင်း အတိအလင်းကြေငြာရန် ဆုံးဖြတ်သည်။ ထိုနောက်တွင် လီယွိထန်အပေါ် သစ္စာစောင့်သိသူ လန်ချားဆွဲသမား၊ အထည်ကြီးပျက် သူတောင်းစား၊ ရှောင်လင်ဂိုဏ်းမှ နှင်ထုတ်ခံရသည့် ကျပန်းဈေးသည်ကအစ လူစုစည်းပြီး ဆွန်ယက်ဆင် ဟောင်ကောင်တွင် နေထိုင်စဉ် အကာအကွယ်ပေးရန် စီစဉ်သည်။