ကိုမင်တန်

ဝီကီပီးဒီးယား မှ
Communist International
တည်ထောင်သူVladimir Lenin
တည်ထောင်ခြင်းမတ် ၂၊ ၁၉၁၉
ဖျက်သိမ်းခြင်းမေ ၁၅၊ ၁၉၄၃
ဆက်ခံCommunist Information Bureau
လူငယ်အဖွဲ့Young Communist International
နိုင်ငံရေး သဘောတရား
  • Communism
  • Marxism–Leninism
အရောင်အနီရောင်

ကိုမင်တန် (အင်္ဂလိပ်: Communist International၊ အတိုကောက် Comintern) သည် ၁၉၁၉-ခုနှစ်တွင် ရုရှားကွန်မြူနစ်ပါတီက ကြီးမှူး၍ မော်စကိုမြို့တွင် ဖွဲ့စည်းထူထောင်သော အဖွဲ့ဖြစ်သည်။ အခြားနိုင်ငံများရှိ ကွန်မြူနစ်ပါတီများ၏ ဗဟိုအဖွဲ့အဖြစ် တိုးတက်လာသည်။ ထိုအဖွဲ့သည် ဆိုဗီယက်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝါဒကို လိုက်နာ၍ ကမ္ဘာပေါ်တွင် ကွန်မြူနစ်ဝါဒ ဖြန့်ရန်အတွက် တာဝန်ယူကြသည်။ ရုရှားမဟုတ်သော ကွန်မြူနစ်ပါတီများက ရုရှားကွန်မြူနစ်ပါတီကို စံနမူနာယူရန်လည်း လက်ခံသည်။ ၁၉၄၃-ခုနှစ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တို့၏ မဟာမိတ် အရင်းရှင်နိုင်ငံများ ကျေနပ်စေရန်အတွက် ပယ်ဖျက်ရပ်စဲပေးခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကိုမင်တန်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။