ကာဒင်နယ်ငှက်
Wikipedia မှ
| Cardinal | ||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||
|
||||||||||||
ကာဒင်နယ်ငှက်ဟု အမည်တွင်သော ငှက်မျိုးမှာ ဖင့်စာကလေးမျိုးရင်းတွင် ပါဝင်သည်။ ထို ငှက်မျိုးကို အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနိုင်ငံနှင့် ဗြိတိသျှဟွန်းဒူးရပ် ပြည်များတွင် တွေ့ရသည်။ ကာဒင်နယ်ငှက်သည် အလျား ၈ ၃/၄ လက်မခန့်သာရှိ၍ သေးငယ်သောငှက်ဖြစ်၏။ ပုံပန်းကျန၍ အတောင်များမှာ လှပသည်။ အသံမှာလည်း သာယာချိုအေး၍ တေးကို ကောင်းစွာ သီဆိုနိုင်သည်။
ကာဒင်နယ်ငှက်မများတွင်လည်း အမောက်ရှိ၍ နူးညံ့သော အမွှေးအတောင်များရှိသည်။ တေးဆိုရာ၌ ငှက်ဖိုများကဲ့သို့ပင် ချိုလွင်စွာ ဆိုနိုင်လေသည်။ အမြဲစိမ်းသစ်ပင်များ၌ အသိုက်လုပ် လေ့ရှိသည်။ တစ်မြုံလျှင် ဥနှစ်လုံးမှ လေးလုံးအထိ ရှိတတ် သည်။ ဥ၏အရောင်မှာ အညိုရောင် ထနေလေသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)