ကလျာ (ဝိဇ္ဇာ/သိပ္ပံ)

ဝီကီပီးဒီးယား မှ
(ကလျာ၊ (ဝိဇ္ဇာ/သိပ္ပံ) စာရေးဆရာမ မှ ပြန်ညွှန်းထားသည်)
ကလျာ(ဝိဇ္ဇာ/သိပ္ပံ)
မွေးဖွားခင်ခင်ဝင်း
(၁၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၁၉၃၈)မေ ၁၄၊ ၁၉၃၈
ဧရာဝတီတိုင်း၊ ဖျာပုံမြို့
ကွယ်လွန်ဇူလိုင် ၁၊ ၂၀၁၉(2019-07-01) (အသက် ၈၁)
ရန်ကုန်
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးဖိုင်:Flag of Myanmar.png မြန်မာ
ပညာရေးတက္ကသိုလ်ဘွဲ့ရ
အိမ်ထောင်ဖက်ကာတွန်းစိန်ကြီး
မိဘဦးမောင်ထင် + ဒေါ်ရွှေ
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ကလျာ(ဝိဇ္ဇာ/သိပ္ပံ) (၁၄ မေ ၁၉၃၈–၁ ဇူလိုင် ၂၀၁၉) သည် မြန်မာ အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၃၈ ခုနှစ် မေလ၊ (၁၄)ရက်နေ့တွင် ဧရာဝတီတိုင်းဖျာပုံမြို့၌ အဖ ဦးမောင်ထင်၊ အမိဒေါ်ရွှေ၊ တို့ကမွေးဖွားသည်။ အမည်အရင်းမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

မူလတန်းမှစ၍ ဖျာပုံမြိုအစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် ၌ပညာဆက်လက်သင်ကြားခဲ့သည်။ ဒုတိယနှစ် ရောက်သောအခါ ကာတွန်းစိန်ကြီးနှင့်လက်ထပ်ခဲ့သည်။

ထုတ်ဝေခဲ့သောလုံးချင်းဝတ္ထုများ[ပြင်ဆင်ရန်]

ငယ်စဉ်ကပင် စာပေဝါသနာပါသူဖြစ်၍ ခင်ပွန်းဖြစ်သူကာတွန်းစိန်ကြီး ထုတ်ဝေလျက်ရှိသော ရွှေရုပ်လွှာ စာစောင်နှင့် မိုးသောက်မဂ္ဂဇင်းတို့တွင် အခန်းဆက် ဝတ္ထုရှည်များစတင်ရေးခဲ့သည်။ ၁၉၆၉- ခုနှစ် မေလထုတ် မိုးသောက်မဂ္ဂဇင်းပါ စေတနာမှန်သော်လည်း ဝတ္ထုတိုဖြင့် စာပေလောကထဲသို့ စတင်ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၀- ခုနှစ်၊ ဇူလိုင်လ တွင် ရမက်ကြမ္မာသံသရာ လုံးချင်းဝတ္ထု စတင်ရေးသားထုတ်ဝေခဲ့သည်။ ကလောင်အမည် ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)ကို ခင်ပွန်းဖြစ်သူကပင် ရွေးချယ်ပေးခဲ့သည်။ ထို့နောက်တွင် ထုတ်ဝေသူများနှင့် လုံးချင်းဝတ္ထုများရေးသားထုတ်ဝေခဲ့ရာ အောင်မြင်မှု့များရခဲ့သည်။ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ) ၏စာအုပ်ကို ကဉ္စန စာပေမှ အများဆုံးထုတ်ဝေခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၂၀၀၂ခုနှစ်ထိ (၃၃) နှစ်တာ ကာလအတွင်းလုံးချင်းဝတ္ထုအုပ်ရေပေါင်း (၁၀၀)ဝတ္ထုရှည် (၂၀)ခန့် နှင့်ဝတ္ထုတို(၈၀)ကျော် ရေးသားခဲ့သည်။

ထင်ရှားကျော်ကြားဝတ္ထုတိုများ[ပြင်ဆင်ရန်]

1985 ခုနှစ်ဇန်နဝါရီလမှစ၍ ကလျာမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေခဲ့သည်။ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၏ ဝတ္ထုများကို ဒုတိယအကြိမ် ပြန်ရိုက်ခဲ့သည်။ ခရောင်းတောမှ ခရုအိမ်၊ မချမ်းသော မချမ်းဘော၊ ကျန်စာသင့် ဝိဉာဉ်၊ စိုင်းတို့မောသို့အလွမ်းပြေ၊ ကံ့ကော်မြေမှာစေတဲ့မိုး ၊ ခေမရန်အကျဉ်းစုံ၊ မြောက်ဦးမြို့မှသည်တာချီလိတ်ဆီသို့ (ပ+ဒု)၊ ကိန္နရီအချစ် ကိန္နရာမေတ္တာ(ပ+ဒု)၊ စိတ္တဇ ကန္တာရခရီးသည် (ပ+ဒု)၊ သုဝဏ္ဏဘူမိသူ သီရိပစ္စယာသား(ပ+ဒု)၊ တောင်သမာန်သစ္စာ၊ ငပလီနှင့် လန်ကာဝီ၊ ပင်လယ်ခြားတဲ့ချစ်သူ ဆီမှ (ပ+ဒု) စသောဝတ္ထုတိုများထင်ရှားခဲ့သည်။

ထင်ရှားသော စာအုပ်အချို့[ပြင်ဆင်ရန်]

  1. မချမ်းသော မချမ်းဘော
  2. ကျိန်စာသင့်ဝိဉာဉ်
  3. စိုင်းတို့မောသို့အလွမ်းပြေ
  4. ခေမရဌ်အကျဉ်းစံ
  5. မြောက်ဦးမြို့မှသည် တာချီလိပ်ဆီသို့(ပ၊ဒု)
  6. ကိန္နရီအချစ် ကိန္နရာမေတ္တာ(ပ၊ဒု)
  7. စိတ္တဇကန္တာရ ခရီးသည်(ပ၊ဒု)
  8. ဇွဲကပင်တောင်ခြေ ချစ်ရိပ်ဝေသည်
  9. သုဝဏ္ဏဘူမိသူ-သီရိပစ္စယာသား(ပ၊ဒု)
  10. တောင်သမန်သစ္စာ
  11. ငပလီနှင့်လန်ကာဝီ
  12. စန္ဒကူးစံအိမ်

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ)သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇေယျာမော် (၁ ဇူလိုင် ၂၀၁၉)။ စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်။ ၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။