ကလေးသွား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကလေးသွား[ပြင်​ဆင်​ရန်​]

ကလေးသွား[ပြင်​ဆင်​ရန်​]

ကလေးသွားကို ကလေးဘဝတွင်ပေါက်သော သွားဟုလည်းခေါ်ဆိုနိုင်ပါသည်။ အာရှနိုင်ငံများတွင် ငယ်သွားဟုလည်း ခေါ်ဆိုကြီး အနောက်ဥရောပနိုင်ငံများတွင် နို့သွားဟု ခေါ်ဆိုကြပါသည်။ ကလေးသွားများသည် သန္ဓေသားဘဝထဲမှစတင်ဖြစ်ပေါ်လာပြီး ပါးစပ်အတွင်းသို့ အသက်ခြောက်လ အရွယ်တွင် စတင်ပေါ်ထွက်လာမည်ဖြစ်ပြီး နောက်ပိုင်းလူကြီးသွားများဖြင့် အစားထိုးသွားမည်ဖြစ်ပါသည်။ သို့သော် လူကြီးသွားများ မပေါက်ပဲ နှစ်ကာလရှည်ကြာစွာ ပါးစပ်အတွင်း ကျန်ရှိနေနိုင်ပါသည်။

အသေးစိတ်[ပြင်​ဆင်​ရန်​]

ကလေးသွားများသည် ကိုယ်ဝန်ဆောင်နေစဉ်ကလအတွင်း သန္ဓေသားဘဝကတည်းက စတင်ပေါ်ပေါ်က်နေခြင်းဖြစ်ပါသည်။ ပါးစပ်အတွင်းသို့စတင် ပေါက်ထွက်လာသောအချိန်မှာ မွေးပြီး အသက်ခြောက်လ အရွယ်တွင်ဖြစ်ပါသည်။ ကလေးသွားများတွင် အရှေ့သွား၊အရှေ့ဘေးသွား၊စွယ်သွား၊ ပထမအံသွား နှင့် ဒုတိယအံသွား ဆိုပြီး အပေါ်အောက် သွားတစ်စုံ စလုံးတွင် အချောင်း (၂၀) ရှိပါသည်။

ကလေးသွားပေါက်ချိန်များ[ပြင်​ဆင်​ရန်​]

ကလေးသွားပေါက်ချိန်များမှာ

  • အရှေ့သွား - အသက် (၆)လ မှ (၁၂) လ
  • အရှေ့ဘေးသွား - အသက်(၉)လ မှ (၁၆) လ
  • စွယ်သွား - အသက် (၁၆) လ မှ (၂၃) လ
  • ပထမ အံသွား - အသက်(၁၃)လ မှ (၁၉) လ
  • ဒုတိယ အံသွား - အသက်(၂၂)လ မှ (၂၃)လ