ကရီနာကပူး (ရုပ်ရှင်သရုပ်ဆောင်)
ကရီနာကပူးသည် အိန္ဒိယရုပ်ရှင်လောကမှ အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သည်။ ကရီနာကပူးကို ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မွေးဖွားခဲ့သည်။ ကရီနာကပူး ၏ မျိုးရိုးသည် ရုပ်ရှင်မျိုးရိုးဖြစ်သည်။ ကပူးမိသားစု၏ အဆိုအရ ကရီနာ ဆိုသည့် ရှေ့ဆက်အမည်မှာ မိခင် ဘာဘီတာသည် သူမ၏ ကိုယ်ဝန်ကို လွယ်ထားရစဉ်က အန်နာကရီနာ အမည်ရှိစာအုပ်ကို ဖတ်နေ သောကြောင့် ကရီနာကပူး ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။
မာတိကာ |
[ပြင်ဆင်ရန်] ကပူးရုပ်ရှင်မိသားစု
ကရီနာကပူး၏ ဖခင်မှာ မင်းသားကြီး ရန်ဒီဟာကပူးဖြစ်ပြီး မိခင်မှာ ဘာဘီတာဖြစ်သည်။ ကရီနာကပူး၏ အစ်မတစ်ဦးမှာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အမည်မှာ ကာအစ်စ်မာကပူးဖြစ်သည်။ အဖိုးဖြစ်သူမှာ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ရာဂျီကပူးဖြစ်သည်။ ဘိုးအေဖြစ်သူမှာလည်း မင်းသားကြီး ဗာရာဂျီကပူးဖြစ်သည်။ ဦးလေးတော်စပ်သူသည် ရုပ်ရှင်သရုပ်ဆောင် ရီရှီကပူးဖြစ်သည်။
[ပြင်ဆင်ရန်] ငယ်ဘဝ
ကပူးရုပ်ရှင်မိသားစုမှ မွေးဖွားလာသည့် ကရီနာကပူးသည် ငယ်ရွယ်စဉ်အခါကပင် မီဒီယာများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သူမကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက သရုပ်ဆောင်တစ်ဦးဖြစ်ရန် ဆန္ဒ ပြင်းပြခဲ့သည်။
[ပြင်ဆင်ရန်] ရုပ်ရှင်သရုပ်ဆောင် ဘဝအစ
၂၀၀၀ ပြည့်နှစ်တွင် Refugee ဆိုသည့် ရုပ်ရှင်ကားကို စတင်ရိုက်ကူးခဲ့ပြီး အကောင်းဆုံးမျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် Kabhi Khushi Kabhie Gham ဇာတ်ကားသည် အိန္ဒိယ၏ ဝင်ေငွအကောင်းဆုံး ဇာတ်ကားတစ်ခုဖြစ်သကဲ့သို့ သူမအတွက်လည်း ပြည်ပ ဈေးကွက်တွင် စီးပွားရေးအရ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်။
[ပြင်ဆင်ရန်] ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ
၂၀၀၀ ပြည့်နှစ် Refugee ၂၀၀၁ ခုနှစ် Kabhi Khushi Kabhie Gham ၂၀၀၃ ခုနှစ် Chameli ၂၀၀၄ ခုနှစ် Dev ၂၀၀၆ ခုနှစ် Omkara ၂၀၀၇ ခုနှစ် Jab We Met ၂၀၀၉ ခုနှစ် 3 Idiots ၂၀၁၀ ခုနှစ် We are family ၂၀၁၀ ခုနှစ် Bodyguard
[ပြင်ဆင်ရန်] ကိုးကား
ဇွန်လ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာရှိ စာ-၇ မှ အေဝမ်းစိုး၏ ညို့ဓာတ်ပြင်းလွန်းသော ဘောလိဝုဒ်မင်းသမီး ကရီနာကပူး၏ ဘဝဇာတ်ကြောင်း