ကရဝေးပင်
| ကရဝေးပင် | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
| ဒွိနာမ | ||||||||||
| ''Laurus nobilis'' | ||||||||||
ကရဝေးပင်သည် မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်သော်လည်း တနင်္သာရီတောင်ပိုင်းတွင်သာ အမြောက် အမြား တွေ့ရသည်။ ဤအပင်သည် သစ်ကြမ်းပိုးမျိုးဝင် အပင် တစ်မျိုးဖြစ်၍၊ သစ်ကြမ်းပိုးပင်နှင့် ခပ်ဆင်ဆင်တူသည်။ အမြင့်မှာ ပေ ၃ဝ မှ ၄ဝ အထိ ရှိ၏။ အထက်မြန်မာပြည် တောင်ကုန်းဒေသများတွင် ဆင်ဘန်း ကရဝေးဟု ခေါ်သော ကရဝေးပင်တစ်မျိုး ပေါက်သည်။ ကရဝေးရွက်၏ ပုံသဏ္ဍာန်မှာ လှံသွားပုံရှိ၍ ကြွပ်ဆတ်သည်။
ကရဝေးပင်ကို လူတိုင်း မြင်ဘူးကြမည် မဟုတ်ချေ။ သို့သော် ကရဝေးရွက် အခြောက်များကိုမူ လူတိုင်း တွေ့မြင် ဘူးရုံ မက၊ မည်သို့ အသုံးချနိုင်ပုံကို သိကြပေသည်။ ဟင်းခတ်အမွှေးအကြိုင်များတွင် ကရဝေးရွက် ပါဝင်သည်။ ထောပတ် ထမင်း၊ ဒန်ပေါက်ထမင်းစသည်တို့တွင် ကရဝေးရွက် မပါလျှင် မပြီးချေ။ ဘယဆေး ဖေါ်ရာ၌လည်း ကရဝေးရွက် ပါဝင်သည်။
ကရဝေးသား၏ အရောင်မှာ လိမ်မော်ညိုရောင် ဖြစ်၍ စမုန်စပါးနံ့ သင်းလျက်ရှိသည်။ လှပ၍ အသင့်အတင့် မာ သဖြင့် အိမ်ဆောက်ရန်အပြင်၊ ပျဉ်အုတ်ကြွပ်နှင့် ဘီရိုစသော အိမ်အသုံးအဆောင်များ ပြုလုပ် နိုင်သည်။ ကရဝေးသားကို အသားသေအောင် ပြုလုပ်ပြီးမှ အသုံးချသင့်သည်။ သို့သော် သာမန် အခြောက်ခံ နည်းဖြင့် အသားသေအောင် ပြုလုပ်ပါက ကောက်ကွေး ကွဲအက်တတ်သောကြောင့်၊ ပေါင်းတင် အခြောက် ခံနည်းကိုသာ အသုံးပြုသင့်သည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)