ကရင်မလင်

ဝီကီပီးဒီးယား မှ

မြို့တော်ကြီးဟု အဓိပ္ပာယ်ရသည်။ မော်စကိုမြို့ကို ရည်ညွှန်းသည်။ ရုရှားမြို့တော် မော်စကိုမှာ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်၍ မြို့ဟောင်းနေရာမှာ ၁၈၁၂-ခုနှစ်က နပိုလီယန်၏ တပ်များ ဝင်ရောက်ဖျက်ဆီးရာ၌ ကြွင်းကျန်ခဲ့သည်။ ကရင်မလင် ရပ်ကွက်တွင် ရှေးဇာဘုရင်တို့၏ နန်းတော်ဆောင်များ (ယခုအခါ ပြတိုက်လုပ်ဆောင်ထားသည်။)နှင့် ရွှေရောင်ပေါင်းမိုး ဘုံဆင့်များ တပ်ဆင်ထားသည့် ၁၅-ရာစုနှစ်နှင့် ၁၆-ရာစု နှစ်ဝက်တက် ကျောင်းကြီးများရှိသည်။ ထိုမြို့တော်မှာ ဆိုဗီယက်အစိုးရ၏ အာဏာပိုင် လွှတ်တော်ရုံးစိုက်ရာ အချက်အချာ ဖြစ်သည်။ ဆိုဗီယက်အစိုးရ အဖွဲ့ကိုယ်စား ကရင်မလင်ဟူ၍ တင်စားသုံးနှုန်းသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကရင်မလင်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။