ကမ်းပါးယံမိုးဆွေငှက်
| ကမ်းပါးယံ မိုးဆွေငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Petrochelidon pyrrhonota'' | ||||||||||||||
ကမ်းပါးယံ မိုးဆွေငှက် (Cliff Swallow) သည် ဟီရွန်းဒင်ဒေး (Hirundinidae) မျိုးရင်းတွင် ပါဝင်သော ပျံလွှားငှက် အုပ်စုဝင် ငှက်တစ်မျိုး ဖြစ်သည်။
ထိုငှက်တို့သည် မြောက်အမေရိကတွင် ပေါက်ဖွားပြီး အသိုက်ပြောင်းလေ့ ရှိသော ငှက်များ ဖြစ်ကာ တောင်အမေရိက တွင် ဗင်နီဇွဲလား နိုင်ငံမှ အာဂျင်တီးနား နိုင်ငံ အရှေ့မြောက်ဘက် ဒေသ အထိ ဆောင်းခိုနေထိုင်လေ့ ရှိကြသည်။ အနောက်ဥရောပ ဒေသတွင် အလွန်တွေ့ရခဲသော ငှက်မျိုး ဖြစ်သည်။
ပုံပန်းသဏ္ဍာန် [ပြင်ဆင်ရန်]
ကမ်းပါးယံ မိုးဆွေငှက်သည် ပျမ်းမျှအားဖြင့် ၁၃ စင်တီမီတာ ( ၅ လက်မ) ခန့် ရှည်လျားပြီး သေးငယ်သော နှုတ်သီး ရှီသည်။ အရွယ်ရောက်ပြီးသောငှက်သည် အရောင်အသွေး ဖြာလက်နေသော ကျောကုန်းနှင့် ထိပ် ရှိပြီး အညိုရောင် အတောင်ပံနှင့် အမြီးများ ရှိကာ ညိုဝါရောင်ဖျော့ဖျော့ ဖင်မြီးပိုင်း ရှိသည်။ လည်ကုပ်ပိုင်းနှင့် နဖူးပိုင်းတို့သည် အဖြူရောင် ရှိသည်။ ဝမ်းဗိုက်ပိုင်းမှာ ဖြူပြီး မျက်နှာတွင်သာ အနီရောင် ရှိသည်။ အမြီးမှာ လေးထောင့်ပုံ အနားသတ် ရှိသည်။
ငှက်ငယ်များသည် အပေါ်ပိုင်းတွင် ညို၍ အောက်ပိုင်းတွင် ဖြူကြသည်။ ညိုဝါရောင် ဖျော့သော ဖင်မြီးပိုင်းနှင့် မည်းသော မျက်နှာတို့မှ လွဲ၍ ဖြစ်သည်။ အသွင်သဏ္ဍာန်တူပြီး မှားတတ်သော သတ္တဝါမှာ ကျောက်ဂူမိုးဆွေငှက် (Cave Swallow) ဖြစ်ပြီး ထိုငှက်မှာ အရောင်အသွေးပိုစုံပြီး ၄င်းမှာ သစ်ကြပိုးခေါက် အရောင် ဖင်မြီးပိုင်းနှင့် နဖူးတို့ ရှိကြသည်။
အခြားသော ပျံလွှားငှက်များ ကဲ့သို့ပင် ပျံသန်းရင်း ဖမ်းမိသော အင်းဆက်များကို စားသုံးလေ့ ရှိကြသည်။