ကမ္မဝါစာ

ဝီကီပီးဒီးယား မှ
ကမ္မဝါစာ

ကမ္မဝါစာဟူသည် ကမ္မပုဒ်နှင့် ဝါစာပုဒ်တွဲစပ်ထားသော ပါဠိစကားတည်း။ ဤ၌ကမ္မ ဟူသည် ဝိနည်းကံတည်း။ ဝါစာဟူသည် ထိုဝိနည်းကံ ဆောင်သည့်အခါ ရွတ်ဖတ် အပ်သော စကား ဝါကျ တည်း။ ထိုကြောင့် ကမ္မဝါစာဟူသည် ရဟန်းသံဃာများ ဝိနည်းကံဆောင်သည့်အခါ အများ သဘောတူညီချက် ရယူရန် ရွတ်ဖတ်အပ်သော စကားဝါကျများ ဖြစ်သည်ဟု မှတ်ရမည်။ မြန်မာလို ကမ္မဝါဟူ၍ ခေါ် အပ်သော စကားသည်လည်း ဤကမ္မဝါစာဟူသော ပါဠိ စကားကိုလိုက်၍ ခေါ်ခြင်းသာ ဖြစ်ပေသည်။ ရဟန်း သံဃာ များ ဝိနည်းကံဆောင်သည့်အခါ ကမ္မဝါစာများ ရွတ်ဖတ်၍ အများသဘောတူ ဆုံးဖြတ်ချက် ချမှတ် ရသည်။ ကမ္မဝါစာ၌ `ဉတ္တိဒုတိယကမ္မဝါစာနှင့် ဉတ္တိစတုတ္ထကမ္မဝါစာ အဓိပ္ပါယ် ပြဆိုလျှင် လုံလောက်၏။ သို့ရာတွင် ဝိနည်းကံ အပြည့်အစုံ ပြဆိုမှ ထင်ရှားမည်ဖြစ်၍ ဤ၌ဝိနည်းကံတို့ကို ပြဆိုပေအံ့။

ကမ္မဝါစာလုံး[ပြင်ဆင်ရန်]

ဤသည်မှာ အေဒီ ၁၁ ရာစုမှ လက်ရှိအထိ ကမ္မဝါစာရေးရာတွင် အသုံးပြုလျက်ရှိသော မြန်မာပါဠိအက္ခရာပုံစံဖြစ်သည်။ ကမ္မဝါစာရေးသားရာတွင် ပုဂံခေတ်ဟန် လေးထောင့်ဆန်သော ပန်းစာလုံးခေါ် စာညှင်းစာလုံးကိုရေးသားနည်းမှာတမျိုး၊ မြန်မာအက္ခရာဝိုင်းစက်စွာဖြင့် ရေးသားနည်းကတစ်မျိုးဟူ၍ နှစ်မျိုးရှိသည်။

စာညှင်းစာလုံးအက္ခရာဟန်

က
ဈ*
ဌ* ဎ*

ကိုးကား[ပြင်ဆင်ရန်]