ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့
Wikipedia မှ
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့သည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးမွှားကြောင့် ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို သတိရှိစေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် နေ့ရက်ဖြစ်သည်။ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့မှာ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သည်။ ဤနေ့ကျရောက်တိုင်း ကမ္ဘာတဝန်းတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူများကို ရည်စူး၍ လွမ်းဆွတ်အောင့်မေ့ပွဲများ ကျင်းပလေ့ရှိသည်။ အစိုးရများနှင့် ကျန်းမာရေး အရာရှိများသည် ဤနေ့တွင် အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ မိန့်ခွန်းများ ပြောကြားခြင်း ဆွေးနွေးပွဲများ ကျင်းပခြင်း ရှိသည်။