ကမ္ဘာ့ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် (၁၀၀)

ဝီကီပီးဒီးယား မှ
The cover of the 1992 edition.

The 100: A Ranking of the Most Influential Persons in History ဟု အမည်ရသည့် စာအုပ်အား သမိုင်းသုတေသီတစ်ဦးဖြစ်သူ Michael H. Hart မှ ၁၉၇၈ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ဝေခဲ့၍ ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းမှ အသီးသီးပင် ၎င်းတို့၏ဘာသာစကားနှင့် ဘာသာပြန်ဆို စာအုပ်ထုတ်ဝေခဲ့ကြသည်။ ၎င်းစာအုပ်အား ၁၉၉၂ ခုနှစ်တွင်လည်းဒုတိယအကြိမ်အဖြစ် New York: Carol Publishing Group မှထုတ်ဝေခဲ့သည်။

မြန်မာပြည်တွင် စာရေးဆရာတစ်ဦးဖြစ်သူ မောင်မင်းနိုင် (ဝါးခယ်မ) မှ ၎င်းစာအုပ်အား ၂၀ဝ၃ ခုနှစ် နိုဝင်ဘာလတွင် အုပ်ရေတစ်ထောင်တိတိ ပထမဦးဆုံး ဘာသာပြန်ဆို ရေးသား ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤစာအုပ်ထဲတွင် ပါရှိသော လူပုဂ္ဂိုလ်များ၏ ဩဇာကြီးမားမှု အရှိန်အဝါကို နေရာပေးထားမှုများမှာ ဆရာ Michael H. Hart ၏ သတ်မှတ်ချက်များသာ ဖြစ်သည်။ ထို့အတူ နာမည်ကျော် သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းကလည်း ၎င်းစာအုပ်ကို ကျော်စွာ(၁၀၀) ဟူသောအမည်ဖြင့် လေးအုပ်တွဲဘာသာပြန်ခဲ့သည်။

သို့သော်လည်း ၎င်းစာအုပ်ထဲတွင် ပါဝင်သည့် ပုဂ္ဂိုလ်တစ်ရာ၏ အတ္ထုပ္ပတ္တိကောင်းများကို ဖတ်ရှုရသည်မှာ အကျဉ်းချုံး၍ ဆရာ Michael H. Hart မှ ဖော်ထုတ်တင်ပြထားသော်လည်း စာဖတ်သူတို့အနေဖြင့် စာတစ်အုပ်ထဲနှင့် လူ့သမိုင်းတွင် ထင်ရှားကျော်ကြား အရေးပါခဲ့သော ပုဂ္ဂိုလ်ကျော်တို့၏ အချက်အလက်များနှင့် လုပ်ဆောင်သွားမှု အတ္ထပ္ပတ္တိကောင်းများကို ဖတ်ရှုမှတ်သားရသည်မှာ အင်မတန် အကျိုးများလှသည်။

Hart's Top 15 (from the 1992 edition)[ပြင်ဆင်ရန်]

အဆင့်
နာမည်
ဩဇာအရှိန်အဝါ
ကာလအပိုင်းအခြား
1 တမန်တော်မိုဟာမက်
Muhammad
အစ္စလာမ်ဘာသာပရောဖက်(တမန်တော်) အေဒီ ( ၅၇၀-၆၃၂ )
2 နယူတန်
Isaac Newton
ရူပဗေဒပညာရှင် ၁၆၄၂-၁၇၂၇
3 ယေရှုခရစ်
Jesus Christ
ခရစ်ယာန်ဘာသာအခြေခံနီတိများချမှတ်ခဲ့သူ ဘီစီခန့် ၊ အေဒီ ၃၀ ခန့်
4 ဗုဒ္ဓ
Gautama Buddha
ဗုဒ္ဓဘာသာ

ဗုဒ္ဓမြတ်စွာဘုရား

ဘီစီ ၅၆၃- ၄၈၃
5 ကွန်ဖြူးရှပ်
Confucius
ကွန်ဖြူးရှပ်ဝါဒတည်ထောင်(ဒသနိကပညာရှင်) ဘီစီ ၅၅၁ - ဘီစီ ၄၇၉
6 စိန့်ပေါလ်
Paul the Apostle, ရှင်ပေါလုSt. Paul
ခရစ်ယာန်အယူသစ်ပြောင်းသူ အေဒီ ၄-၆၄
7 ဆိုင်လန်
Ts'ai Lun
စက္ကူကိုတီထွင်သူ အေဒီ ၁၀၅ ခန့်မှန်း
8 ဂျိုဟန်နက်စ် ဂူတင်ဘတ်
Johannes Gutenberg
ပုံနှိပ်အတတ်ကိုတည်ထွင်သူ ၁၄၀ဝ-၁၄၆၈
9 ကိုလံဘတ်
Christopher Columbus
အမေရိကတိုက်ကိုတွေ့ရှိ ၁၄၅၁ - ၁၅၀၆
10 အိုင်းစတိုင်း
Albert Einstein
ရူပဗေဒပညာရှင် ၁၈၇၉-၁၉၅၅
11 လူးဝစ် ပါစချာ
Louis Pasteur
ဓာတုဇီဝသိပ္ပံပညာရှင် (၁၈၂၂-၁၈၉၅)
12 ဂယ်လီလီယို
Galileo Galilei
နက္ခတ္တဗေဒနှင့် နေစကြဝဠာပညာရှင် ၁၅၆၄-၁၆၄၂
13 အရစ္စတိုတယ်
Aristotle
ဂရိတွေးခေါ်ပညာရှင် ဘီစီ ၃၈၄-၃၂၂
14 ယူကလစ်
Euclid
ဂရိဂျီဩမေထရီပညာရှင် ဘီစီ ၃၀ဝ ခန့်မှန်း
15 မိုးစက်
Moses
ဟီးဘရူးတမန်တော် ဘီစီ ၁၃
16 ချားလ်စ်ဒါဝင်
Charles Darwin
ဇီဝဗေဒပညာရှင်၊ သတ္တဗေဒပညာရှင်၊ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ ကိုဖော်ထုတ်ခဲ့ခြင်းနဲ့ ပက်သက်ပြီးထင်ရှားသူ (၁၈၀၉-၁၈၈၂)
17 ရှီဟွမ်တီ
Shih Huang Ti
တရုတ်နိုင်ငံအား ပထမဆုံးစုစည်းတည်ထောင်သူ ဧကရာဇ် ဘီစီ ၂၃၈-၂၁၀
18 ဩဂတ်စတက်ဆီဇာ
Augustus Caesar
ရောမခေတ် စစ်ဗိုလ်ချုပ်အာဏာရှင် ဘီစီ၁၀ဝ-၄၄
19 ကော်ပါးနိကပ်စ်
Nicolaus Copernicus
နက္ခတဗေဒပညာရှင် (၁၄၇၃-၁၅၄၃)
20 အန်တိုနီ လောရင့် လာဗွားဆီးရား
Antoine Laurent Lavoisier
ခေတ်သစ် ဓာတုဗေဒပညာရှင်၊ ဒသနိကပညာရှင်၊ စီးပွားရေးပညာရှင် Catholic
21 မဟာကွန်စတန်တိုင်း
Constantine the Great
ခရစ်ယာန်ဘာသာအား ရောမအင်ပါယာတွင် တရားဝင်ကိုးကွယ်ခြင်းသို့ရောက်ရှိရန် ကြိုးပမ်းခဲ့သူ ရောစစ်ဗိုလ်ချုပ်ဧကရာဇ် (အေဒီ ၂၈၀-၃၃၇)
22 ဂျိမ်းဝတ်
James Watt
ရေနွေးငွေ့စက်ကို တီထွင်သူ Presbyterian (lapsed)
23 မိုက်ကယ် ဖာရာဒေး
Michael Faraday
Sandemanian physicist; chemist; discovery of magneto-electricity
24 ဂျိမ်းစ် ကလပ် မက်စ်ဝဲ
James Clerk Maxwell
Presbyterian; Anglican; Baptist physicist; electromagnetic spectrum
25 မာတင်လူသာ
Martin Luther
ရောမခရစ်ကျောင်းတော်ကို အာခံသည့် ပရိုတက်စတင့်တော်လှန်ရေးကို စတင်ဦးဆောင်လှုပ်ရှားသူ (၁၄၈၃-၁၅၄၆)
26 ဂျော့ချ် ဝါရှင်တန်
George Washington
အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ (၁၇၃၂-၁၇၉၉)
27 ကားလ်မာ့ခ်
Karl Marx
သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ၊မာ့ခ်ဝါဒတို့ကို စတင်ဖော်ထုတ်ကာ ကမ္ဘာ့နိုင်ငံများတွင် ကွန်မြူနစ်လှုပ်ရှားမှုများ စတင်ပေးသူ (၁၈၁၈-၁၈၈၃)
28 ရိုက်ညီနောင်
Orville and Wilbur Wright
လေယာဉ်ပျံကို ဦးစွာတီထွင်သူများ အော်ဗီလ်ရိုက်(၁၈၇၁-၁၉၈၄)၊ ဝီလ်ဗာရိုက်(၁၈၆၇-၁၉၁၂)
29 ဂျင်ဂစ်ခန်
Genghis Khan
မွန်ဂိုအင်ပါယာကို တည်ထောင်ကာ ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေသူ (ခန့်မှန်း ၁၁၆၂-၁၂၂၇)
30 အဒမ်စမစ်
Adam Smith
ခေတ်သစ်အရင်းရှင်စနစ်၏ စီးပွားရေးဆိုင်ရာ အတွေးအခေါ်ပညာရပ်များကို ဦးဆောင်ဖော်ထုတ်ခဲ့သူ စီးပွားရေးဆိုင်ရာဒသနိကပညာရှင် (၁၇၂၃-၁၇၉၀)
31 ရှိတ်စပီးယား
Edward de Vere

a.k.a. William Shakespeare

တစ်ခေတ်တွင် တစ်ယောက်သာပေါ်သည့် အင်္ဂလိပ်စာပေပညာရှင် (၁၅၅၀-၁၆၀၄)
32 ဂျွန် ဒယ်လ်တန်
John Dalton
ဓာတုဗေဒပညာရင်၊ ရူပဗေဒပညာရှင်(အဏုမြူပညာရှင်) (၁၇၆၆-၁၈၄၄)
33 မဟာအလက်ဇန္ဒား
Alexander the Great
သမိုင်းစတင်သည်မှ ယနေ့အထိ အကျယ်ပြန့်ဆုံး နယ်မြေကိုတိုက်ခိုက်သိမ်းယူခဲ့သူ၊ အရှေ့နှင့်အနောက် ယဉ်ကျေးမှုကို ကူးလူးစေသူ (ဘီစီ ၃၅၆-၃၂၃ )
34 နပိုလီယန်
Napoleon Bonaparte
ပြင်သစ် ဧကရာဇ်၊ ဥရောပမြေပုံကို ပြောင်းလဲစေသူ (၁၇၆၉ - ၁၈၂၁)
35 သောမတ် အက်ဒီဆင်
Thomas Edison
တီထွင်သူ( လျှပ်စစ်မီးသီး နှင့် ဓာတ်ပြားဖတ်စက်) (၁၈၄၇-၁၉၃၁)
36 လီအိုဝဲလ်ဟော့ခ်
Antony van Leeuwenhoek
အဏုကြည့်မှန်ပြောင်းတီထွင်သူ နှင့် အဏုဇီဝပိုးမွှားများကို လေ့လာဖော်ထုတ်သူ ဇီဝဗေဒပညာရှင် (၁၆၃၂-၁၇၂၃)
37 ဝီလျံ တီဂျီ မော်တွန်
William T.G. Morton
မေ့ဆေးကို စတင်တီထွင်သုံးစွဲသူ (၁၈၁၉-၁၈၆၈)
38 ဂူဂလီရယ်မို မာကိုနီ
Guglielmo Marconi
ရေဒီယိုနှင့် ကြိုးမဲ့ကြေးနန်းကို တီထွင်သူ (1874-1973)
39 ဟစ်တလာ
Adolf Hitler
ဒုတိယကမ္ဘာစစ်ကို စတင်ဖြစ်ပွားစေသူ၊ နာဇီခေါင်းဆောင် (၁၈၈၉ -၁၉၄၅)
40 ပလေတို
Plato
ဂရိတွေးခေါ်ပညာရှင်၊ ပလေတိုးနစ်ဝါဒကို တည်ထောင်သူ (ဘီစီ ၄၂၇-၃၄၇)
41 အိုလီဗာ ကရွမ်းဝဲလ်
Oliver Cromwell
ဗြိတိန်နိုင်ငံရေးသမားနှင့် ပါလီမန်တပ်၏စစ်ဗိုလ်ချုပ် (၁၅၉၉-၁၆၅၈)
42 အလက်ဇန္ဒား ဂရေဟမ် ဘဲလ်
Alexander Graham Bell
တယ်လီဖုန်းကို တီထွင်သူ (၁၈၄၇-၁၉၂၂)
43 အလက်ဇန္ဒား ဖလီးမင်း
Alexander Fleming
ပင်နီဆလင်ကို တီထွင်သူ၊ (၁၈၈၁-၁၉၅၅)
44 ဇွန်လော့ခ်
John Locke
ဒဿနိကပညာရှင် (၁၆၃၂-၁၇၀၄)
45 ဘီသိုဗင်
Ludwig van Beethoven
ဂီတပညာရှင် (၁၇၇၀-၁၈၂၇)
46 ဝါနာ ဟေဆန်ဘာ့ဒ်
Werner Heisenberg
ရူပဗေဒပညာရှင် (၁၉၀၁-၁၉၇၆)
47 လူးဝစ် ဒါဂွဲရား
Louis Daguerre
ဓာတ်ပုံပညာရှင် (၁၇၈၇-၁၈၅၁)
48 ဆီမွန် ဘိုလီဗာ
Simon Bolivar
တောင်အမေရိကတိုက်၏ လွပ်လပ်ရေးဖခင် (တော်လှန်ရေးသမား) (၁၇၈၃-၁၈၃၀)
49 ရေးနေး ဒေးကားစတဲ
Rene Descartes
ပြင်သစ်လူမျိုး ဒဿနိကပညာရှင် (၁၅၉၆-၁၆၅၀)
50 မိုက်ကယ် အိန်ဂျလို
Michel Angelo
ပန်းချီ-ပန်းပု အနုပညာရှင်၊ ဗိသုကာပညာရှင် (၁၄၇၅-၁၅၆၄)