ကမ္ဘာ့အံ့ဖွယ်များ
နှစ်ပေါင်းများစွာအတွင်း၌ ကမ္ဘာပေါ်ရှိ လူတို့တည်ဆောက်ခဲ့သော အရာများနှင့် သဘာဝအလျောက် ဖြစ်ပျက်နေသောအရာများကို စုစည်း၍ ကမ္ဘာ့အံ့ဖွယ်များ အဖြစ် စာရင်းအမျိုးမျိုးပြုစုခဲ့ကြသည်။ ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးသည် အစောဆုံးတွေ့ရသောစာရင်းဖြစ်ပြီး လူသားတို့၏ ထင်ရှားသော ရှေးဟောင်း ဂန္တဝင် တည်ဆောက်မှုနှင့်ပတ်သက်နေသည်။ ထိုစာရင်းသည် ရှေးခေတ်ဂရိ ရှုခင်းကြည့်သူတို့၏ လမ်းညွှန်စာအုပ်ကို အခြေခံထားခြင်းဖြစ်ပြီး မြေထဲပင်လယ်ဒေသ ပတ်ဝန်းကျင်ရှိ အရာများသာပါဝင်သည်။ ခုနစ် ဂဏန်းကို ရွေးချယ်ထားခြင်းမှာ ဂရိလူမျိုးတို့အနေနှင့် ထူးခြားဆန်းကြယ်သော ဂဏန်းအဖြစ်မှတ်ယူထားသောကြောင့် ဖြစ်သည်။
ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး [ပြင်ဆင်ရန်]
သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်(ဘီစီ ၄၈၄- ဘီစီ ၄၂၅) နှင့် အယ်လက်ဇန်းဒရီးယားပြတိုက်ရှိ ဆိုင်းရင်းန်မှပညာရှိ ကယ်လီမာချူး(scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့သည် ကမ္ဘာ့အံဖွယ်ခုနစ်ပါးနှင့်ပတ်သက်သော အစောဆုံးစာရင်းကို ပြုစုခဲ့ကြသည်။ သို့သော် သူတို့၏ရေးသားချက်မှာ ကိုးကားချက်မှအပ ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုအံဖွယ်များတွင် အောက်ပါအဆောက်အဦးတို့ ပါဝင်သည်။
- ဂိုင်ဇာမဟာပိရိမစ်ကြီး
- ဘေဘီလုံရှိ မိုးပျံဥယျာဉ်
- အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီး၏ ရုပ်ထု
- အီဖီးဆပ်ရှိ အာတဲမိ ဘုရားကျောင်း
- ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်၏ ဂူသင်္ချိုင်း
- ရုတ်ဒ်၏ ရုပ်ထု
- အလက်ဇန်းဒရီးယားရှိ မီးပြတိုက်
ဂရိဘာသာဖြင့် ရေးသားချက် theamata မှာ အံ့ဖွယ်ဟု အဓိပ္ပါယ်မရပဲ မကြည့်မဖြစ် ဟု အဓိပ္ပါယ်ထွက်သည်။ ယနေ့ခေတ်တွင် အများသိရှိကြသော စာရင်းမှာ အလယ်ခေတ်တွင် စုစည်းတည်းဖြတ်ခဲ့ကြသည်။ သို့သော် အဆောက်အဦးအများစုမှာ ယနေ့ခေတ်တွင် တည်ရှိခြင်း မရှိတော့ပေ။ ယနေ့ထက်တိုင် ကျန်ရစ်ခဲ့သော အဆောက်အဦးမှာ ဂိုင်ဇာရှိ မဟာပိရိမစ်ကြီး တစ်ခုသာဖြစ်သည်။
အလယ်ခေတ်ကမ္ဘာ့အံဖွယ်များ [ပြင်ဆင်ရန်]
အလယ်ခေတ်တွင် ကမ္ဘာ့အံဖွယ်များနှင့်ပတ်သက်၍ စာရင်းအမျိုးမျိုးရှိခဲ့သည် ဟု ဆိုကြသည်။ သို့သော်အောက်ပါစာရင်းမှာ ထိုခေတ်မှစာရင်းဖြစ်သည်ဟု မယူဆနိုင်ပေ။ အကြောင်းမှာ အလင်းခေတ်တိုင်သည်အထိ အလယ်ခေတ်ဆိုသော စကားလုံးကို သုံးနှုန်းခဲ့ခြင်းမရှိခြင်းကြောင့် တစ်ကြောင်း၊ အလယ်ခေတ်ဆိုသော သဘောတရားမှာ ၁၆ရာစုတိုင်သည်အထိ ထင်ရှားခြင်းမရှိခဲ့ခြင်းကြောင့်တစ်ကြောင်း စသည်တို့ကြောင့်ဖြစ်သည်။ ဘရူဝါမှ ထိုစာရင်းမှာ အလယ်ခေတ်နောက်ပိုင်းမှပြုစုခဲ့သောစာရင်းဖြစ်သည်ဟု အကြံပြုခဲ့ပြီး နောက်ကျသောစာရင်းဟု ညွှန်းဆိုခဲ့သည်။
ထိုစာရင်းများမှ အဆောက်အဦးအများစုမှာ အလယ်ခေတ်မတိုင်မီ အလွန်စောစီးသောအချိန်ကပင် တည်ဆောက်ခဲ့ကြပြီး ထိုစာရင်းမှာ "အလယ်ခေတ်မှကမ္ဘာ့အံဖွယ်များ" (၇ နှစ်ဂဏန်းဖြင့် ကန့်သတ်ထားခြင်းမရှိပေ။)၊ "အလယ်ခေတ်မှ အံဖွယ်ခုနစ်ပါး"၊ "အလယ်ခေတ်စိတ်ကူး" နှင့် "အလယ်ခေတ်မှ ဗိသုကာဆိုင်ရာအံဖွယ်များ" ဟူ၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။
ပုံမှန်အားဖြင့် ထိုစာရင်းတွင် ပါဝင်သော အလယ်ခေတ်မှကြီးကျယ်ခမ်းနားသော အံ့ဖွယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- စတုန်းဟင်းချ်
- ကိုလော့စီယမ် (
- ကွန်အယ်လ်ရှိုကာဖာ၏ မြေအောက်သင်္ချိုင်း
- တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး
- နန်ဂျင်းမှကြွေမျှော်စင်
- ဟာဂီယာ ဆိုဖီယာ
- ပီဆာရှိ ယိုင်နေသောမျှော်စင်
ထိုစာရင်းတွင်ပါဝင်သော အခြားအဆောက်အဦးများမှာ အောက်ပါတို့ဖြစ်သည်။
ခေတ်သစ်ကမ္ဘာ့အံဖွယ်များ [ပြင်ဆင်ရန်]
ခေတ်သစ်ကမ္ဘာတွင် တည်ဆောက်ခဲ့သော သို့မဟုတ် ယနေ့ထက်တိုင်တည်ရှိဆဲဖြစ်သော ကြီးကျယ်ခမ်းနားသော အဆောက်အအုံများနှင့်ပတ်သက်၍ စာရင်းအမျိုးမျိုးပြုစုခဲ့ကြသည်။ ထိုစာရင်းများထဲမှ ထင်ရှားသောစာရင်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
အမေရိကန် မြို့ပြအင်ဂျင်နီယာများအသင်း [ပြင်ဆင်ရန်]
အမေရိကန် မြို့ပြအင်ဂျင်နီယာများအသင်း မှခေတ်သစ်ကမ္ဘာမှ အံ့ဖွယ်များနှင့်ပတ်သက်၍ စာရင်းပြုစုခဲ့သည်။
| အံ့ဖွယ်အမည် | စတင်တည်ဆောက်ခဲ့သောနေ့ | ပြီးစီးသောနေ့ | တည်နေရာ |
|---|---|---|---|
| ချန်နယ်တူးမြောင်း | ဒီဇင်ဘာလ ၁ရက်, ၁၉၈၇ | မေလ ၆ ရက်, ၁၉၉၄ | အင်္ဂလန် နှင့် ပြင်သစ်ကြားရှိ ဒိုဗာရေလက်ကြား |
| စီအင်န် မျှော်စင် | ဖေဖော်ဝါရီလ ၆ ရက်, ၁၉၇၃ | ဇွန်လ ၂၆ရက်, ၁၉၇၆ | တိုရွန်တို, အွန်တေရီအို, ကနေဒါနိုင်ငံ |
| အင်ပိုင်ယာစတိတ် အဆောက်အဦး | ဇန်နဝါရီလ ၂၂ရက်, ၁၉၃၀ | မေလ ၁ရက်, ၁၉၃၁ | နယူးယောက်မြို့, နယူးယောက်ပြည်နယ်, အမေရိကန်ပြည်ထောင်စု |
| ဂိုးလ်ဒင်းဂိတ် တံတား | ဇန်နဝါရီလ ၅ရက်, ၁၉၃၃ | မေလ ၂၇ ရက်, ၁၉၃၇ | ဂိုးလ်ဒင်းဂိတ်ရေလက်ကြား, ဆန်ဖရန်စစ္စကိုမြို့မြောက်ဖက်, ကယ်လီဖိုးနီးယား, အမေရိကန်ပြည်ထောင်စု |
| အီတာအိပုဆည် | ဇန်နဝါရီလ ၁၉၇၀ | မေလ ၅ရက်, ၁၉၈၄ | ဘရာဇီးနိုင်ငံ နှင့် ပါရာဂွေးနိုင်ငံကြားရှိ ပါရာနားမြစ် |
| ဒယ်လ်တာဝေါ့ခ် | ၁၉၅၀ | မေလ ၁၀ ရက်, ၁၉၉၇ | နယ်သာလန် |
| ပနားမား တူးမြောင်း | ဇန်နဝါရီလ ၁ရက်, ၁၈၈၀ | ဇန်နဝါရီလ ၇ ရက်, ၁၉၁၄ | ပနားမားကုန်းမြောင် |
နယူးအိုးပင်းဝေါလ် ကော်ပိုရေးရှင်းမှ ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအသစ် [ပြင်ဆင်ရန်]
၂၀၀၁ ခုနှစ်တွင် ဆွစ်ဇာလန် ကော်ပိုရေးရှင်းတစ်ခုဖြစ်သော နယူးအိုးပင်းဝေါလ်ကော်ပိုရေးရှင်း မှ လက်ရှိတည်ရှိနေသော တည်ဆောက်မှု ၂၀၀ ထဲမှ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး ကို ရွေးချယ်ရန် စတင်လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလ ၁ ရက်၊ ၂၀၀၆ ခုနှစ်တွင် နောက်ဆုံးယှဉ်ပြိုင်ရွေးချယ်မည့်အရာ ၂၁ ခုကို ကြေငြာခဲ့သည်။ အီဂျစ်တို့က သူတို့၏ ရှိပြီးသား ကမ္ဘာ့အံဖွယ်ကို လေဘာတီရုပ်ထု၊ ဆစ်ဒနီမှ အော်ပရာပြဇာတ်ရုံနှင့် အခြား အထိမ်းအမှတ် အဆောက်အဦးများနှင့် ယှဉ်ပြိုင်ရမည်ကို မကျေနပ်ပဲ ထိုပရော့ဂျက်ကို ရူးနှမ်းသော ပရော့ဂျက်အဖြစ် သမုတ်ခဲ့သည်။ ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် ဂိုင်ဇာမဟာပိရိမစ်ကြီးကို ဂုဏ်ထူးဆောင်ယှဉ်ပြိုင်သူအဖြစ် သတ်မှတ်ခဲ့သည်။ ထိုယှဉ်ပြိုင်မှုမှ ရလာဒ်အဖြေကို ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့ရှိ ဘယ်နီဖီကာ အားကစားရုံတွင် ဇူလိုင်လ ၇ ရက်၊ ၂၀၀၇ ခုနစ်တွင် ကြီးကျယ်သော အခမ်းအနားဖြင့် ကြေငြာခဲ့ပြီး အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။
| အံဖွယ်အမည် | ဆောက်လုပ်သည့်နေ့ | တည်နေရာ |
|---|---|---|
| တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး | ဘီစီ ၅ ရာစုမှ – အေဒီ ၁၆ ရာစု | တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
| ပီထရာ | ဘီစီ ၆ရာစု | ဂျော်ဒန်နိုင်ငံ |
| ရီဒီးမားမှ ကယ်တင်ရှင်ခရစ်တော်၏ ရုပ်ထု | အောက်တိုဘာလ ၁၂ရက် ၁၉၃၁ တွင် ဖွင့်လှစ်ခဲ့သည်။ | ဘရာဇီးနိုင်ငံ |
| မာချူးပီချူး | အေဒီ ၁၄၅၀ တွင် ပြီးစီးခဲ့သည်။ | ပီရူးနိုင်ငံ |
| ချီချန်းအစ်တ်ဇာ | အေဒီ ၆၀၀ ခုနစ်တွင် ပြီးစီးခဲ့သည်။ | မက္ကဆီကိုနိုင်ငံ |
| ရိုမန်ကိုလိုစီယမ် | အေဒီ ၈၀ ခုနစ်တွင် ပြီးစီးခဲ့သည်။ | အီတလီနိုင်ငံ |
| တာ့ဂျ်မဟာရ် | အေဒီ ၁၆၄၀ တွင် ပြီးစီးခဲ့သည်။ | အိန္ဒိယနိုင်ငံ |
| ဂိုင်ဇာမဟာပိရိမစ်ကြီး (ဂုဏ်ထူးဆောင်ပါဝင်ယှဉ်ပြိုင်သူ) | ဘီစီ ၂၅၆၀ ခုနစ်တွင် ပြီးစီးခဲ့သည်။ | အီဂျစ်နိုင်ငံ |
ယူအက်စ်အေတူဒေး သတင်းစာမှ အံ့ဖွယ်ခုနစ်ပါး [ပြင်ဆင်ရန်]
၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်အမျိုးသားသတင်းစာဖြစ်သော ယူအက်စ်အေတူဒေး နှင့် အမေရိကန် တယ်လီဗီးရှင်းအစီအစဉ် ဂွတ်ဒ်မောနင်းအမေရိကား တို့ပူးပေါင်း၍ ဆုံးဖြတ်သူ ၆ ဦးမှ ရွေးချယ်သော အံ့ဖွယ်ခုနစ်ပါး စာရင်းအသစ်ကို ဖော်ထုတ်ကြေငြာခဲ့သည်။ အံ့ဖွယ်များကို တစ်ရက်လျှင်တစ်ခုနှုန်းဖြင့် ဂွတ်ဒ်မောနင်းအမေရိကား အစီအစဉ်တွင် တစ်ပတ်ကြာကြေငြာခဲ့သည်။ ကြည့်ရှုသူတို့၏ တုံ့ပြန်မှုအရ ၈ ခုမြောက် အံ့ဖွယ်ရာကို နိုဝင်ဘာလ ၂၄ရက်တွင် ကြေငြာခဲ့သည်။
| နံပါတ် | အံ့ဖွယ်အမည် | တည်နေရာ |
|---|---|---|
| ၁ | ပိုတာလာနန်းတော် | လာဆာ, တိဘက်, တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
| ၂ | ဂျေရုဆလင်မြို့ဟောင်း | ဂျေရုဆလင်, အစ္စရေး |
| ၃ | ဝင်ရိုးစွန်းရေခဲဖုံးများ | ဝင်ရိုးစွန်းဒေသများ |
| ၄ | ပါပါရ်ဟာနာအုမိုကွာကီရာ ရေကြောင်းဆိုင်ရာအမျိုးသားအဆောက်အဦး | ဟာဝိုင်အီ, အမေရိကန်ပြည်ထောင်စု |
| ၅ | အင်တာနက် | မရှိ |
| ၆ | မာယန် အပျက်အစီးများ | ယူကာတန် ကျွန်းဆွယ်, မက်ဆီကို |
| ၇ | ဆာရန်ဂတီ နှင့် မာဆိုင်မာရာမှ ကြီးကျယ်သော အုပ်စုလိုက်ရွေ့ပြောင်းမှုများ | တန်ဇန်းနီးယား နှင့် ကင်ညာ |
| ၈ | ဂရင်းကင်ညွန် (ကြည့်ရှုသူများမှ ရွေးချယ်သော ၈ ခုမြောက်အံ့ဖွယ်) | အရီဇိုးနား, အမေရိကန်ပြည်ထောင်စု |
သဘာဝအလျောက် ဖြစ်ပျက်နေသော ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး [ပြင်ဆင်ရန်]
အခြားသော အံ့ဖွယ်စာရင်းများကဲ့သို့ပင် သဘာဝအလျောက်ဖြစ်သော အံ့ဖွယ်များကို ရွေးချယ်ရာတွင်လည်း အများ၏သဘောတူညီမှု မရရှိခဲ့ပေ။ အကြောင်းမှာ စာရင်းမည်မျှ ရှည်လျားသင့်သည် ဆိုသောကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုစာရင်းများထဲမှ စာရင်းတစ်ခုကို စီအင်န်အင်န် သတင်းဌာနမှပြုစုခဲ့ပြီး အောက်ပါအတိုင်းဖြစ်သည်။
- ဂရင်းကင်ညွန်
- မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး(Great Barrier Reef)
- ရိုင်ယိုဒီ ဂျနီရို ဆိပ်ကမ်း (Harbour of Rio de Janeiro)
- ဧဝရတ်တောင်(Mount Everest)
- အော်ရိုရာ
- ပဲရီကူတင်မီးတောင် (Parícutin volcano)
- ဗစ်တိုးရီးယားရေတံခွန်(Victoria Falls)
ရေအောက်ကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါး [ပြင်ဆင်ရန်]
သမုဒ္ဒရာထိန်းသိမ်းရေးနှင့် သုတေသနပြုလုပ်ရန်အတွက် ရည်စူးဖွဲ့စည်းထားသော အမေရိကန်မှ အကျိုးမဖက် ရေငုတ်သမားအဖွဲ့အစည်းတစ်ခုဖြစ်သည့် စီဒမ်အင်တာနေရှင်နယ် (CEDAM International) မှ ရေအောက်ကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးစာရင်းကို ရေးဆွဲခဲ့သည်။
၁၉၈၉ခုနှစ်တွင် စီဒမ်မှ ဒေါက်တာ ယူဂျန်းနီးကလက်ခ်(Dr. Eugenie Clark) အပါအဝင် အဏ္ဏဝါသိပ္ပံပညာရှင်များ ပါဝင်သည့်အဖွဲ့တစ်ခုဖြင့် ရေအောက်ရှိ ကာကွယ်ထိန်းသိမ်းရန်သင့်သော ဒေသများကို ရွေးချယ်ခဲ့သည်။ ရလာဒ်ကို ဝါရှင်တန်ဒီစီရှိ အမျိုးသားငါးပြတိုက်၌ Sea Hunt တယ်လီဗီးရှင်းအစီအစဉ်တွင် ပါဝင်သော သရုပ်ဆောင် လွိုက်ဘရစ်ချ်(Lloyd Bridges) မှ ကြေငြာခဲ့သည်။
- ပလောကျွန်း
- ဘီလစ်ဇ် သန္တာကျောက်တန်း
- မဟာသန္တာကျောက်တန်းကြီး
- သမုဒ္ဒရာကြမ်းပြင်မှ ရေပူလွှတ်ထုတ်မှုများ
- ဂါလာပါဂိုကျွန်းများ
- ဘိုက်ကယ်ရေကန်
- မြောက်ဖက်ပင်လယ်နီ
စက်မှုကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါး [ပြင်ဆင်ရန်]
ဗြိတိသျှစာရေးဆရာ ဒီဘိုရာကက်ဒ်ဘူရီမှ စက်မှုကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးစာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်မှာ ၁၉ရာစုနှင့် ၂၀ရာစုဦးပိုင်းရှိ အင်ဂျင်နီယာပညာ၏ ကြီးကျယ်သောအောင်မြင်မှု ၇ ခု၏ ဇာတ်လမ်းကို ရေးသားထားခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ဘီဘီစီမှ ထိုစာအုပ်ကို ၇ ပိုင်းခွဲ၍ သတင်းရုပ်ရှင်အဖြစ် တင်ဆက်ခဲ့သည်။ တစ်ပိုင်းစီ၌ အံ့ဖွယ်တစ်ခုခြင်းစီ၏ တည်ဆောက်မှု ကို ဇာတ်လမ်းဆင်၍ တင်ပြခဲ့သည်။ စက်မှုကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
- အက်စ်အက်စ် ဂရိတ်အိစတန် သင်္ဘော
- ဘဲလ်ရော့ခ် မီးပြတိုက်
- ဘရွတ်ကလင် တံတား
- လန်ဒန်ရေသွင်းရေထုတ်စနစ်
- ပထမဆုံးတိုက်နှစ်ခုကြား ရထားလမ်း
- ပနားမားတူးမြောင်း
- ဟူဗာဆည်
ခရီးသွားကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါး [ပြင်ဆင်ရန်]
ခရီးသွားစာရေးဆရာတစ်ယောက်ဖြစ်သော ဟောင်းဝပ်ဟေးလ်မန်းသည် ထိုသို့သော စာရင်းများကို ပြုစုခဲ့ပြီး သဘာဝအလျှောက်ဖြစ်သော နှင့် လူတို့ပြုလုပ်သော ကမ္ဘာလှည့်ခရီးသည်တို့အတွက် အံဖွယ်များကို အောက်ပါအတိုင်းစာရင်းပြုခဲ့သည်။
လူတို့ပြုလုပ်သော ခရီးသွားခြင်းဆိုင်ရာအံဖွယ်
- ၁။ ဂိုင်ဇာရှိ မဟာပိရိမစ်ကြီး
- ၂။ တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး
- ၃။ တာ့ဂျ်မဟာရ်
- ၄။ မာချူးပီချူး
- ၅။ ဘာလီ
- ၆။ အန်ကောဝပ်ကျောင်းတော်ကြီး
- ၇။ တားမြစ်ထားသော မြို့တော်
- ၈။ ပုဂံရှိဘုရားပုထိုးများ
- ၉။ ကာနတ်ဘုရားကျောင်း
- ၁၀။ တီယိုတီဝှာကန်
ဘဘာဝအလျှောက်ဖြစ်သော ခရီးသွားခြင်းဆိုင်ရာအံဖွယ်