ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများ

ဝီကီပီးဒီးယား မှ

ကြီးမားသောသံစဉ်ထွက်ခေါင်းလောင်းကြီးများမှာ အမြင့် ၄ မီတာသာသာ၊ အလေးချိန် တန် ၂၀ ဝန်းကျင်ခန့်ရှိကြလေ၏။ ထိုခေါင်းလောင်းကြီးများမှာ ကြီးကျယ်လှပခြင်း ဟူသောအဓိပ္ပာယ်ကို ဖော်ဆောင်ကြလေသည်။

ရုရှား ကြေးသွန်းခေါင်းလောင်းကြီး[ပြင်ဆင်ရန်]

ရုရှား ကြေးသွန်း ခေါင်းလောင်းကြီး

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀ဝ) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ (၆.၁၄) မီတာ (သို့) (၂၀.၁၄) ပေမြင့်၍ (၆.၆) မီတာ (သို့) (၂၁.၆၅) ပေ အချင်းရှိ၏။ ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇'၊ အကျယ် ၈' ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။ အမြင့် ၁၉' ၃"၊ အဝန်း ၆၀' ၉"၊ အထူ ၂' ရှိသည်။

  • (မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀ဝ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။)

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။


တရုတ် ကြေးသွန်းခေါင်းလောင်းကြီး[ပြင်ဆင်ရန်]

ရွန်ဂဲ(လ်)ကြေးသွန်းခေါင်းလောင်းကြီး

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၀ဝ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (ဝ.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်တွင် တရုတ်အက္ခရာ (၂၂၇, ဝ၀ဝ) ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို တွေ့ရှိရသည်။


ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး[ပြင်ဆင်ရန်]

ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး

ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ (၁၆၃၃) ခုနှစ်တွင်သွင်းလုပ်၍ (၇၄) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၎င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဓမ္မစေတီ ခေါင်းလောင်းကြီး

ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံစေတီတော်သို့ လှူတန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၎င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၎င်းမှာ ဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော် သို့မဟုတ် " ဓမ္မစေတီ" ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အဝိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀ဝ၀ဝ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၎င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့ဩဖွယ်တွေ့ရှိရသည်။ ထိုအတိုင်းဖြစ်လျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀ဝ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံးသော ခေါင်းလောင်းဖြစ်သည်။

မင်းကွန်း ခေါင်းလောင်းကြီး[ပြင်ဆင်ရန်]

မင်းကွန်းခေါင်းလောင်းတော်ကြီး

မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇဝင်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုသည်။ ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အဝအချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅(မင်းဖြူမှန်မှန်ပြော) ရှိသဖြင့် ၎င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။သွန်းလုပ်ခဲ့သူမှာပန်းတဥ်းဝန်မဟာနန်ဒကျော်စွာဖြစ်ပါတယ်။

{{DEFAU