ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ

ဝီကီပီးဒီးယား မှ

ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများဆိုသည်မှာ တရားဝင်ပေးထားသော အမည် မဟုတ်ဘဲ နှစ်စဉ် ကောက်ခံရရှိသော လူနေမှု အဆင့်အတန်းပေါ်မူတည်သည့် အများ အသိအမှတ်ပြု စစ်တမ်းများ အရ အဆင့်သတ်မှတ်ထားသော မြို့ကြီးများ စာရင်းကို ခေါ်ဆိုသည်။ ဥပမာ နှစ်ခု ပြရလျှင် မာဆာ၏ နေထိုင်မှု အရည်အသွေးပေါ်မူတည်သည့် စစ်တမ်း (Mercer Quality of Living Survey) နှင့် အီခေါနမစ် (The Economist) မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ စာရင်း (မာဆာမှ အချက်အလက်များကို အသုံးပြုထားသည်) တို့ ဖြစ်သည်။

နေထိုင်ရန် အကောင်းဆုံး အဆင့်မှာ အလုပ်ရှင်များအား ဝန်ထမ်းများကို အခြားမြို့များသို့ ပြောင်းရွှေ့ရာတွင် အခက်အခဲ ကရုဏာကြေး ပေးအပ်ရန် အတွက် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ အခြားရည်ရွယ်ချက်များ အတွက် အသုံးချရန် အတွက် နေထိုင်ရန် အကောင်းဆုံး အဆင့်ကို ချဲ့ထွင်ရန်အတွက် ငြင်းခုံမှု အမြောက်အမြား ရှိသည်။ သို့သော်လည်း နှစ်စဉ် မြို့ကြီးများ အဆင့်သတ်မှတ်ခြင်းသည် စာနယ်ဇင်းများ၏ အထူး အလေးပေး ရေးသားခြင်းကို ခံရပြီး ဆွေးနွေးရန်အတွက် ပေါ်ပြူလာဖြစ်သော တော့ပစ်တစ်ခုလည်း ဖြစ်သည်။ အိမ်ဖြူတော်၏ အာရုံစူးစိုက်ခြင်းကိုပင် ခံရလေ့ ရှိသည်။

လူနေမှု အရည်အသွေး စစ်တမ်း[ပြင်ဆင်ရန်]

မာဆာ၏ မြို့ကြီးများ အဆင့် ဇယား
မြို့ နိုင်ငံ အဆင့်သတ်မှတ်ချက်
ဗီယင်နာမြို့  ဩစတြီးယား ၁၀၈.၆
ဇူးရစ်ချ်မြို့   ဆွစ်ဇာလန် ၁၀၈
ဂျနီဗာမြို့   ဆွစ်ဇာလန် ၁၀၇.၉
ဗန်ကူးဗားမြို့  ကနေဒါ ၁၀၇.၄
အော့ကလန်မြို့  နယူးဇီလန် ၁၀၇.၄
ဒပ်ဆဲလ်ဒေါ့ဖ်မြို့  ဂျာမနီ ၁၀၇.၂
ဖရန့်ဖွတ်မြို့  ဂျာမနီ ၁၀၇
မြူးနစ်ချ်မြို့  ဂျာမနီ ၁၀၇
ဘန်းမြို့   ဆွစ်ဇာလန် ၁၀၆.၅
၁၀ ဆစ်ဒနီမြို့  ဩစတြေးလျ ၁၀၆.၃
ဗီယဲနာမြို့ဩစတြီးယားနိုင်ငံ

မာဆာ၏ လူနေမှု အရည်အသွေး စစ်တမ်းကို နှစ်စဉ်ထုတ်ပြန်လေ့ ရှိပြီး မြို့ကြီးပေါင်း ၂၂၁ မြို့ကို အချက် ၃၉ ခုပေါ်တွင် မူတည်၍ နှိုင်းယှဉ်ထားသည်။ နယူးယောက်မြို့ကို အမှတ် ၁၀၀ ဖြင့် စံထားသတ်မှတ်ပြီး အခြားမြို့များကို နယူးယောက်နှင့် နှိုင်းယှဉ်၍ အဆင့်သတ်မှတ်သည်။ အရေးကြီးသော အချက်များမှာ လုံခြုံမှု၊ ပညာရေး၊ သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ အပန်းဖြေမှု၊ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်အေးချမ်းမှု နှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး တို့ ဖြစ်သည်။

ထိုစာရင်းမှာ နိုင်ငံတကာရုံးရှိသည့် ကုမ္ပဏီများအတွက် မည်သည့်နေရာတွင် ရုံး သို့မဟုတ် စက်ရုံ ဖွင့်လှစ်မည်နှင့် ဝန်ထမ်းများကို မည်မျှ လစာပေးရမည်ကို ဆုံးဖြတ်ရန် အတွက် အကူအညီပေးသည်။

၂၀၁၀ မြို့ကြီးများ စာရင်းတွင် ဥရောပမှ ထိပ်ဆုံးနေရာများကို ရယူထားသည်။ ကနေဒါနိုင်ငံနယူးဇီလန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံ တို့မှလည်း အချို့နေရာများကို ရယူကြသည်။ နိုင်ငံအားဖြင့် သေးငယ်သော ဆွစ်ဇာလန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့သည် ထိပ်ဆုံး ၁၀ နေရာတွင် ၃နေရာစီ ရယူကြသည်။ ဥရောပမှ လွဲ၍ အခြားနိုင်ငံများမှ စတင် ရယူသော နေရာမှာ စင်ကာပူနိုင်ငံမှ ၃၇၊ အမေရိကန်ပြည်ထောင်စုမှ ၃၁ နှင့် ဂျပန်နိုင်ငံမှ ၃၇ တို့ဖြစ်သည်။ ဘတ်ဂဒက်မြို့သည် စာရင်း၏ အောက်ဆုံးတွင် ရှိသည်။ အောက်ဆုံးရှိ မြို့ကြီး ၂၅ မြို့တွင် အာဖရိကမှ ၁၅မြို့ ပါဝင်သည်။ ယမန်နှစ်က စာရင်းနှင့် နှိုင်းယှဉ်ပါက တောင်အာရှ (အဓိကအားဖြင့် အိန္ဒိယ) အရှေ့အာရှ (အဓိကအားဖြင့် တရုတ်နိုင်ငံ)၊ အရှေ့အလယ်ပိုင်း နှင့် အရှေ့ဥရောပမှ မြို့ကြီးများသည် အဆင့်မြင့်တက်လာသည်ကို တွေ့ရသည်။

မာဆာတွင် တကိုယ်ရည် လုံခြုံစိတ်ချရမှု စာရင်းလည်း ရှိပြီး ထိုစာရင်းတွင်လည်း ဥရောပ သမဂ္ဂ နှင့် ဆွစ် မြို့ကြီးများကပင် ထိပ်ဆုံးနေရာကို ယူထားသည်။ ထိပ်ဆုံး ၅ မြို့မှာ လပ်ခ်စမ်ဘတ်မြို့ဘန်းမြို့ဂျနီဗာမြို့ဟယ်လ်စင်ကီမြို့ နှင့် ဇျူးရစ်ခ်မြို့ တို့ဖြစ်သည်။

၂၀၁၀ ခုနှစ် အဆင့်သတ်မှတ်ခြင်းတွင် သဘာဝပတ်ဝန်းကျင် နှင့် ပတ်သက်သော အဆင့်သတ်မှတ်ခြင်းလည်း ပါဝင်ပြီး ရေရရှိနိုင်မှု၊ ရေသောက်သုံးနိုင်မှု၊ အမှိုက် စွန့်ပစ်မှု၊ ရေထုတ်မြောင်းများ၏ အရည်အသွေး၊ လေထုညစ်ညမ်းမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု တို့ အပေါ်တွင် မူတည်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။ ခဲလ်ဂရီမြို့သည် စာရင်း၏ ထိပ်ဆုံးတွင် ၁၄၅.၇ မှတ်ဖြင့် ပါဝင်ပြီး ဟိုနိုလူလူမြို့က ၁၄၅.၁ မှတ်ဖြင့် ဒုတိယနေရာမှ လိုက်ကာ အော့တဝါမြို့ နှင့် ဟယ်လ်စင်းကီမြို့ တို့က တတိယနေရာတွင် ပူးတွဲရှိနေကြသည်။ နယူးဇီလန်မှ ဝဲလင်တန်မြို့မှ နံပါတ် (၅)၊ မင်နီယားပလစ်မြို့မှ နံပါတ် (၆)၊ အက်ဒလိတ်မြို့ (၇) နှင့် ကိုပင်ဟေဂင်မြို့ (၈) အသီးသီး ရှိကြသည်။ ကိုဘေးမြို့အော့စလိုမြို့စတော့ခ်ဟုမ်းမြို့ တို့က နံပါတ် (၉) နေရာတွင် ရှိကြသည်။ ဟေတီရှိ ပေါတိုပရင့်စ်မြို့က အောက်ဆုံးတွင် ၂၇.၈ မှတ်ဖြင့် ရှိနေသည်။

ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ[ပြင်ဆင်ရန်]

အီခေါနမစ် မဂ္ဂဇင်းမှ ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ ၂၀၁၀ (ထိပ်ဆုံး ၁၀မြို့)
မြို့ နိုင်ငံ အမှတ်
ဗန်ကူးဗားမြို့  ကနေဒါ ၉၈.၀
ဗီယဲနာမြို့  ဩစတြီးယား ၉၇.၉
မဲလ်ဘုန်းမြို့  ဩစတြေးလျ ၉၇.၅
တိုရွန်တိုမြို့  ကနေဒါ ၉၇.၂
ကယ်လ်ဂရီမြို့  ကနေဒါ ၉၆.၆
ဟယ်လ်ဆင်ကီမြို့  ဖင်လန် ၉၆.၂
ဆစ်ဒနီမြို့  ဩစတြေးလျ ၉၆.၁
ပါ့သ်မြို့  ဩစတြေးလျ ၉၅.၉
အက်ဒလိတ်မြို့  ဩစတြေးလျ ၉၅.၉
၁၀ အော့ကလန်မြို့  နယူးဇီလန် ၉၅.၇
ဗန်ကူးဗားမြို့, ကနေဒါနိုင်ငံ

အီခေါနမစ် မဂ္ဂဇင်း၏ စုံစမ်းရေးဌာနမှ နေထိုင်ရန် ကောင်းမွန်သည့် မြို့များစာရင်းမှာလည်း မာဆာ အကြံပေးအဖွဲ့၏ အချက်အလက်များကို အသုံးပြုပြီး ကနေဒါနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ဖင်လန်နိုင်ငံ နှင့် နယူးဇီလန်နိုင်ငံတို့မှ မြို့များ ပါဝင်သည်။ စံပြမြို့များ ဖြစ်ရခြင်း အကြောင်းမှာ ကုန်စည် နှင့် ဝန်ဆောင်မှုများကို နေရာတကာ ရရှိနိုင်မှု၊ တကိုယ်ရည် အန္တရာယ် နည်းပါးမှု နှင့် အခြေခံအဆောက်အအုံ လုံလောက်မှု တို့ကြောင့် ဖြစ်သည်။ အီကော်နောမစ် မဂ္ဂဇင်း၏ စုံစမ်းရေးဌာနမှာ နယူးယောက်တိုင်း သတင်းစာမှ အင်္ဂလိပ်စာကို အသားပေးသည် ဟူသော ဝေဖန်မှု ကို ခံရပြီး အီကော်နောမစ်သည် နေထိုင်ရန် ကောင်းမွန်ခြင်းကို အင်္ဂလိပ်စကားပြောခြင်းနှင့် ညီမျှခြင်းထား တွက်ချက်သည်ဟု ဝေဖန်ခဲ့သည်။

အစီရင်ခံစာအရ ကနေဒါနိုင်ငံရှိ ဗန်ကူးဗားမြို့မှာ နေထိုင်ရန် အကောင်းဆုံးမြို့ ဖြစ်ပြီး ဗီယင်နာမြို့က ဒုတိယလိုက်ကာ မဲလ်ဘုန်းမြို့က တတိယနေရာတွင် ရှိသည်။ စစ်တမ်းအရ "ယခုလက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ နေထိုင်ရန် ဆန္ဒအရှိဆုံးသော နေရာမှာ အကြမ်းဖက်တိုက်ခိုက်ခြင်း၏ ခြိမ်းခြောက်မှု နည်းပါးသော နေရာများပင် ဖြစ်သည်" ဟု ဖော်ပြထားသည်။

အခြား ဩစတြေးလျနိုင်ငံမှ မြို့ကြီး ၃မြို့ (ဆစ်ဒနီမြို့ မှာ နံပါတ်(၇) တွင် ရှိပြီး အက်ဒလိတ်မြို့နှင့် ပါးသ်မြို့တို့မှာ နံပါတ် (၈)တွင် ပူးတွဲရှိသည်) တို့မှာလည်း ထိပ်ဆုံး ၁၀ မြို့တွင် ပါဝင်သည်။ အခြား ကနေဒါနိုင်ငံမှ မြို့ကြီးများမှာလည်း စစ်တမ်းတွင် ထိပ်တန်းနေရာများကို ရယူကြသည်။ ဗန်ကူးဗားမြို့ အပြင် အခြားမြို့များ ဖြစ်သော ထရော်န်ထိုမြို့နှင့် ခဲလ်ဂရီမြို့ တို့မှာလည်း ထိပ်ဆုံး ၁၀ မြို့တွင် ပါဝင်သည်။ ၂၀၁၀ ခုနှစ် စာရင်းတွင် ဆွစ်ဇာလန်နိုင်ငံ မှ မြို့ကြီးများဖြစ်သော ဇူးရစ်ချ်မြို့နှင့် ဂျနီဗာမြို့ တို့သည် ထိပ်ဆုံး ၁၀မြို့မှ လျှောကျသွားခဲ့ပြီး အက်ဒလိတ်မြို့နှင့် နယူးဇီလန်နိုင်ငံမှ အော့ကလန်မြို့ တို့က အစားထိုး နေရာယူခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ ဟရားရီမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် အဆိုးရွားဆုံးမြို့ အဖြစ်သတ်မှတ်ခြင်း ခံရသည်။ အာဖရိကနှင့် တောင်အာရှမြို့များသည် EIU အဆင့်သတ်မှတ်မှုတွင် ဆိုးရွားသော အဆင့်များ ရှိကြပြီး ပစ်စ်ဘတ်ခ်မြို့သည် အမေရိကန် မြို့ကြီးများတွင် အဆင့်အမြင့်ဆုံး မြို့ဖြစ်သည်။

နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ အညွှန်း[ပြင်ဆင်ရန်]

မိုနိုကယ်၏ နေထိုင်ရန် အကောင်းဆုံးမြို့ အညွှန်း ၂၀၁၀
မြို့ နိုင်ငံ ၂၀၀၉
မြူးနစ်ချ်မြို့  ဂျာမနီ (၀၄)
ကိုပင်ဟေဂင်မြို့  ဒိန်းမတ် (၀၂)
ဇူးရစ်ချ်မြို့   ဆွစ်ဇာလန် (၀၁)
တိုကျိုမြို့  ဂျပန် (၀၃)
ဟယ်လ်စင်းကီမြို့  ဖင်လန် (၀၅)
စတော့ခ်ဟုမ်းမြို့  ဆွီဒင် (၀၆)
ပါရီမြို့  ပြင်သစ် (၀၈)
ဗီယင်နာမြို့  ဩစတြီးယား (၀၇)
မဲလ်ဘုန်းမြို့  ဩစတြေးလျ (၀၉)
၁၀ မက်ဒရစ်မြို့  စပိန် (၁၂)
မြူးနစ်ချ်မြို့, ဂျာမနီနိုင်ငံ