ကမန် အမျိုးသား တိုးတက်ရေးပါတီ

ဝီကီပီးဒီးယား မှ
ကမန် အမျိုးသား တိုးတက်ရေးပါတီ
အင်္ဂလိပ် အမည်Kaman National Progressive Party
ဥက္ကဋ္ဌဦးဇော်ဝင်း
တည်ထောင်ခြင်းဇူလိုင် ၅၊ ၂၀၁၀ (၂၀၁၀-၀၇-၀၅)[၁]
ဌာနချုပ်မြလေးရုံလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အဖွဲ့ဝင်၄,၀၀၀ ကျော်[၂]
အရောင်အစိမ်း၊ အပြာ၊ အနီ
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ကမန်အမျိုးသားတိုးတက်ရေးပါတီ (အင်္ဂလိပ်: Kaman National Progressive Party၊ အတိုကောက် KNPP) ကို ရန်ကုန်တွင် ရောက်ရှိနေသော ကမန်လူမျိုးများဖြင့် ၂၀၁၀ ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ထံတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်အမှတ် ၃၆ ဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ခြောက်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၂]

ရခိုင်ပြည်နယ်အတွင်းမှ ကမန် အမျိုးသားတိုးတက်ရေးပါတီ အပါအဝင် ပါတီပေါင်း ၆ ခု ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခွင့်ပြုချက် လျှောက်ထားခဲ့သော်လည်း ၅ ခုသာ မှတ်ပုံတင်ခွင့် ခွင့်ပြုချက် ရရှိခဲ့သည်။ လက်ရှိတွင် KNPP သည် ရခိုင်ပြည်နယ်ရှိ ကမန်လူမျိုးများအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်သည့် တခုတည်းသော ပါတီဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

KNPP တွင် ဌာနဆိုင်ရာမှ အငြိမ်းစားဝန်ထမ်းအချို့နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ၁၆ ဦးဖြင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်းထားသည်။ ပါတီဖွဲ့စည်းပုံမှာ ကျေးရွာ၊ ရပ်ကွက်၊ ခရိုင်၊ မြို့နယ်နှင့် ပြည်နယ် အဆင့်ဆင့် ဖြစ်သည်။ ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အမည်ရှိ ပါတီတခု ပေါ်ပေါက်လာကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ရွေးချယ်ခံခဲ့ရသည်။ အငြိမ်းစား တရားရေးဝန်ထမ်း တဦးဖြစ်သော ဦးဇော်ဝင်းက ပါတီဥက္ကဋ္ဌ တာဝန်ယူထားသည်။

ဗဟိုအလုပ်အမှုဆောင် ၁၆ ဦး[ပြင်ဆင်ရန်]

  1. ဦးဇော်ဝင်း (ဥက္ကဋ္ဌ)
  2. ဦးလှတိုး (ဒု ဥက္ကဋ္ဌ ၂)
  3. ဦးထွန်းငွေ (ဒု ဥက္ကဋ္ဌ ၃)
  4. ဦးတင်လှိုင်ဝင်း (အတွင်းရေးမှူး)
  5. ဦးကျော်ငြိမ်း (တွဲဘက် အတွင်းရေးမှူး ၁)
  6. ဦးသိန်းရွှေ (တွဲဘက် အတွင်းရေးမှူး ၂)
  7. ဦးဆန်းရွှေ (တွဲဘက် ပြန်ကြားရေးမှူး)
  8. ဒေါ်နွဲ့နွဲ့အေး (ဘဏ္ဍာရေးမှူး ၁)
  9. ဒေါ်စုစုခိုင် (ဘဏ္ဍရေးမှူး ၂)
  10. ဒေါ်မြင့်သိန်း (စာရင်းစစ် ၁)
  11. ဦးကျော်စိုးမိုး (အဖွဲ့ဝင်)
  12. ဦးအောင်မျိုးသိန်း (အဖွဲ့ဝင်)
  13. ဦးကြည်ထွန်း (အဖွဲ့ဝင်)
  14. ဦးမောင်ထွန်း (အဖွဲ့ဝင်)
  15. ဦးလှရွှေ (အဖွဲ့ဝင်)
  16. ဦးသက်ထွန်း (အဖွဲ့ဝင်)

ပါတီမူဝါဒ[ပြင်ဆင်ရန်]

ပါတီ၏မူဝါဒမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး နှင့် လောကပါလတရားများကို အခြေခံကာ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာသော ပြည်ထောင်စုဖွား ပြည်သူပြည်သားများ၊ပါတီများနှင့် လက်တွဲ၍ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ပေါ်လာစေရန် အစွမ်းကုန်ကြိုးပမ်းသွားရေး၊ အကြမ်းဖက်ဝါဒနှင့် အခြား အစွန်းရောက်သည့် မည်သည့်ဝါဒမျိုးကို မဆို ဆန့်ကျင်သွားရေး၊ ကမ္ဘာ့နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများ နှင့် ဖြောင့်မတ်သော ဘက်မလိုက် မူဝါဒကို အခြေခံသည့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက် ရေးတွင် ပါဝင်ကူညီရေး၊ နိုင်ငံတစ်ဝန်းလုံးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရေး၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျိုးမပြုသည့် အတွေးအခေါ်အယူအဆများ ပပျောက်ချုပ်ငြိမ်းသွားအောင် ပညာပေးစည်းရုံးရေး တို့ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ကမန် အမျိုးသား တိုးတက်ရေးပါတီ။ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ကမန်အမျိုးသားတိုးတက်ရေးပါတီ။ ၇ ရက်သတင်းဂျာနယ် (၂၃ ဇူလိုင် ၂၀၁၅)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။