ကဗူး၊ စီ၊ ဘီ
ကဗူး စီ၊ဘီ (ခရစ် ၁၈၁ဝ-၁၈၆၁) [ပြင်ဆင်ရန်]
အီတလီနိုင်ငံသမိုင်းတွင် ထင်ရှားသော မျိုးချစ်ပုဂ္ဂိုလ်ကြီး ကောင့်ကဗူးသည် ဆာဒင်း နီးယားနိုင်ငံ ပီးဒမွန့်ပြည်နယ် မှူးမတ်မျိုးရိုးမှ ဆင်းသက်ခဲ့သူ ဖြစ်၍ တျူးရင်းမြို့၌ ၁၈၁ဝ-ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ h;hcfh;hhidkfhd f;h \gkjbv;dcv ]f vfvfhnf\ vfv
vbgvvbgfvbldhbvlhnbv
နုတ်ထွက်ကာ တောနယ်ရှိ မိဖများပိုင် ခြံကြီးတွင် နေထိုင်ပြီးသော် ပြည်သူ့အရေးများကို စတင် ဆောင်ရွက်လေသည်။ ထို့ပြင် ပါရစ်မြို့၊ လန်ဒန်မြို့များသို့ မကြာခဏ သွားရောက်၍ ဥရောပနိုင်ငံရေးရာ ဗဟုသုတများကို ရှာမီးခဲ့သည်။ ထိုအခါ စည်းမျဉ်းခံ ဘုရင့်အုပ်ချုပ်ရေးမျိုးကို သဘောကျခဲ့သည့်ပြင် နိုင်ငံရေးလွတ်လပ်မှုသည် စီးပွားရေး ဖွံ့ဖြိုးမှုပေါ်တွင် အခြေပြုမှသာ တည်မြဲနိုင်ကြောင်း သဘော ပေါက်ခဲ့လေသည်။ ထိုကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြုပြင်ရေးကိုလည်းကောင်း၊ မီးရထားလမ်းများ ဖေါက်လုပ်ရေးကိုလည်းကောင်း ကြိုးပမ်းခဲ့ပေသည်။ သူသည် နိုင်ငံခြားမှ ဆည်းပူးခဲ့သော လက်တွေ့ စိုက်ပျိုးရေး ဗဟုသုတများကို အသုံးပြု၍ သူ့ဖခင် လုပ်ငန်းများကို အုပ်ချုပ်လုပ်ကိုင်လျက် ပီးဒမွန့်နယ် လယ်ယာ စိုက်ပျိုးရေးအသင်းကြီးကိုလည်း တည်ထောင်ခဲ့သည်။ ထို့ပြင် ပြည်နယ်တွင်း မီးရထားလမ်းများ ဖေါက်လုပ်ရေးနှင့်တကွ စက်ရုံများ ဆောက်လုပ်ရေးကိုလည်း ဆော်ဩခဲ့လေသည်။ ထိုသို့ ကူးသန်းရောင်းဝယ်ရေး လွယ်ကူခဲ့လျှင် အီတလီမှာ စည်းလုံးမိဖွယ်ရာ အကြောင်းရှိသည်ကိုလည်း သိမြင်ခဲ့၏။
၁၈၄၇ ခုနှစ်တွင် တျူးရင်းမြို့၌ လူထုအား အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ရေး အယူအဆများကို ထုတ်ဖေါ်ညွှန်ပြရန်အတွက် သတင်းစာတစ်စောင်ကို ထုတ်ဝေခဲ့၏။ ၁၈၄၈ ခု ဇန်နဝါရီလ တွင် ဆစ္စလီကျွန်း၌ တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ရာ ကဗူး သည် စည်းမျဉ်းခံ ဘုရင့်အုပ်ချုပ်ရေးကို တီထွင်ရန် အချိန် တော်ပြီဖြစ်ကြောင်းနှင့် ဟောပြောခဲ့လေသည်။ သူ၏ ဟောပြော ချက်များမှာ အချက်ကျလှသဖြင့် လူထုသာမက ဆာဒင်းနီးယား ဘုရင်ချားအဲလဗတ်ပင်လျှင် သဘောပေါက်လာပြီးလျှင် လွတ် လပ်မှု အခွင့်အရေးများကို ပေးအပ်ခဲ့လေသည်။ သို့ရာတွင် ကဗူးသည် ထိုသို့ ရရှိခဲ့သော အခွင့်အရေးများအရ ပထမဆုံး ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့၌ မပါဝင်ခဲ့ချေ။ ထိုအချိန်က အီတလီနိုင်ငံမှာ ပြည်ငယ်ကလေးပေါင်းများစွာ ကွဲပြားလျက် ဘုရင်အဆူဆူတို့၏ ဆိုးရွားသော အုပ်ချုပ်မှုကို ခံနေရ၍ ဩစ တြီးယား၏ အနှောင့်အယှက်လည်း ကောင်းစွာ မကင်းသေး သောအခါဖြစ်၏။
ကောင့်ကဗူးသည် အစိတ်စိတ် ကွဲပြိုလျက်ရှိသော အီတလီ နိုင်ငံကို စည်းရုံးမိစေလိုသော စိတ်ဓါတ်ရှိသူ ဖြစ်သည့် အား လျော်စွာ ထိုအရေးကို စိတ်ပါလက်ပါ စတင်ဆောင်ရွက်လေ သည်။ ထိုနှစ် (၁၈၄၈) မတ်လတွင် မီလန်နယ်သားတို့သည် ဩစတြီးယားကို တော်လှန်သောအခါ သူ၏ သတင်းစာမှနေ၍ ဩစတြီးယားကို စစ်ကျေညာရန် လှုံ့ဆော်ခဲ့သည်။ မကြာမီ စစ် ကြေညာ တိုက်ခိုက်ခဲ့၏။ စစ်အတွင်း ကဗူးသည် ဆာဒင်းနီး ယားမှ ပါလီမန်အမတ်အဖြစ် အရွေးခံခဲ့ရလေသည်။ သို့သော် ထိုစစ်ပွဲတွင် ဆာဒင်းနီးယား နိုင်ငံသည် အရေးနိမ့်၍ အဲလဗတ် ဘုရင်လည်း ထီးနန်းစွန့်ခဲ့ရလေသည်။ ထိုအခါ သူ၏သားတော် ဒုတိယဗစ်တာ အီမန်းနျူအယ် နန်းတက်ပြီးလျှင် ငြိမ်းချမ်းရေး ဖြစ်မြောက်အောင် စေ့စပ်လျက် စာချုပ်ချုပ်ဆိုခဲ့ရ၏။ မည်သို့ ပင်ဖြစ်စေ ကောင့်ကဗူးသည် စိတ်မပျက်ဘဲ အီတလီနိုင်ငံ၏ လွတ်မြောက်ရေး စည်းရုံးရေးတို့ကို ဆက်လက် ဆောင်ရွက်လေ သည်။
၁၈၅ဝ- ပြည့်နှစ်တွင် ကောင့်ကဗူးသည် စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာလေသည်။ ထိုနောက် ဝန်ကြီးချုပ်နှင့် သဘောကွဲလွဲမှုကြောင့် ရာထူးမှ နုတ်ထွက်၍ အီတလီအရေးတွင် နိုင်ငံခြားတို့ သဘောထားသိရှိရန်အတွက် ပြင်သစ်နှင့် အင်္ဂလန်ပြည်တို့သို့ လှည့်လည်ခဲ့သည်။ ထိုသို့ လှည့်လည်ရာမှ အပြန်တွင် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခြင်း ခံရ၏။ ထိုအချိန်မှစ၍ ကောင့်ကဗူးသည် နိုင်ငံတွင်း ပြုပြင် ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ နိုင်ငံ၏အင်အားတောင့် တင်းပြီးလျှင် နိုင်ငံကြီးများက အသိအမှတ်ပြုခြင်း ခံရအောင် အနည်းနည်း အဖုံဖုံ ဆောင်ရွက်ခဲ့လေသည်၊ ထို့ပြင် ၁၈၅၅ ခုနှစ်တွင် ကရိုင်းမီးယား စစ်မြေပြင် သို့ ဆာဒင်းနီးယားနိုင်ငံမှ စစ်တပ်များ စေလွှတ်ကူညီခဲ့သောကြောင့် အင်္ဂလိပ်နှင့်ပြင်သစ် တို့၏ ချစ်ကြည်မှုကို ရရှိခဲ့လေသည်။ ထိုနောက် ဥရောပနိုင်ငံ ကြီးများက အသိအမှတ်ပြုခဲ့သဖြင့် အီတလီနိုင်ငံ စည်းရုံးရေး တွင်လည်း များစွာ အထောက်အပံ့ ဖြစ်စေခဲ့လေသည်။ ၁၈၅၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ တတိယ နပိုလီယန် ဘုရင်နှင့် တိတ်တဆိတ် တွေ့ဆုံ အချိန်းအချက်ပြု၍ ၁၈၅၉ ခုနှစ်တွင် ဩစတြီးယားကို စစ်ကျေညာခဲ့သည်။ ထိုစစ်ပွဲတွင် အောင်မြင်မှု ကြောင့် ဆာဒင်းနီးယားနှင့် လောင်ဗါဒီနယ်များ ပေါင်းမိ၍ ကျန် အီတလီနယ်များလည်း တဖြည်းဖြည်း စည်းလုံးလာခဲ့လေ သည်။
ထိုနောက် ၁၈၆၁ ခုနှစ်တွင် ဂယ်ရီဗေါလဒီးနှင့် အခြား ပုဂ္ဂိုလ်များ၏အကူအညီဖြင့် ဗင်းနစ်မြို့နှင့် ရောမ မြို့မှတပါး အီတလီတနိုင်ငံလုံး စည်းလုံးမိလေတော့သည်။
ယင်းသို့ အီတလီနိုင်ငံကို စည်းလုံးမိစေရန် မနေမနား ကြိုးပမ်းခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးကဗူးသည် ပထမဆုံး အီတလီ ပါလီမန်က အီတလီနိုင်ငံတော် တည်ထောင်ကြောင်း ကျေညာပြီးနောက်၊ သုံးလခန့်အကြာ ၁၈၆၁ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဇာတိရပ်ဖြစ်သော တျူးရင်းမြို့၌ ကွယ်လွန်ခဲ့လေ သည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)