ကနေရီငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကနေရီငှက်
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Passeriformes]]
မျိုးရင်း [[Fringillidae]]
မျိုးစု [[Serinus]]
မျိုးစိတ် '''''S. canaria'''''
ဒွိနာမ
''Serinus canaria''

ကနေရီငှက်[ပြင်​ဆင်​ရန်​]

ကနေရီဟု အမည်တွင်သည့်ငှက်ကို စပိန် အပိုင်ဖြစ်သော ကနေရီကျွန်းစုတွင် မူလပထမ တွေ့ရသည်။ ၁၆ ရာစုနှစ်လောက်တွင် ထိုငှက်များကို လှောင်အိမ်ငှက်များ အဖြစ်ဖြင့် ကနေရီကျွန်းမှ အီတလီနိုင်ငံ သို့ စတင်ယူဆောင် လာကြသည်။ ယခုအခါတွင် တစ်ကမ္ဘာလုံးမှာပင် ကနေရီငှက် များကို လှောင်အိမ်သွင်း၍ အလှမွေးကြ၏။ ကနေရီငှက်သည် ဖင့်စာ ကလေးမျိုးရင်းတွင် ပါဝင်သည်။ အရိုင်းဘဝတွင် သူတို့ ၏ အရောင်မှာ ညိုဝါဝါ သို့မဟုတ် ဝါစိမ်းစိမ်း ဖြစ်သည်။ ကနေရီ ငှက်မကြီးသည် အသိုက် ဆောက်လုပ်၍ ဥများကို ဝပ် ပေးသည်။ ဥများမှာ အပြာရောင်ဖြစ်၍ တစ်မြုံလျှင် ဥလေးငါး လုံး ရှိတတ်သည်။ ငှက်ဖိုကမူ ငှက်ပေါက်စကလေးများကို အစာ ရှာကျွေးသည်။

ကနေရီငှက်သည် သဘာဝအလျောက် သီချင်းအဆိုကောင်း သော ငှက်ဖြစ်သည်။ သီချင်းများကို ကြည်လင် ပြတ်သားစွာ ဆိုတတ်သည်။ အခြားငှက်များ၏ အသံများကိုလည်း အလွယ် တကူ အတုခိုးနိုင်၏။ ချိုလွင်စွာ တေးဆိုတတ်သောကြောင့် ကနေရီငှက်ကို လူသိများသည်။

အချို့ ကနေရီငှက်များကိုမူ သူတို့၏ လှပသော အတောင် များကြောင့် ဂရုတစိုက် မွေးမြူကြသည်။ ထိုသို့ မွေးမြူကြရာ၌ မှန်မှန်ဂရုစိုက်ဖို့လိုသည်။ လှောင်အိမ်ကိုလည်း အမြဲတမ်း သန့်ရှင်းအောင် ပြုလုပ်ထားရသည်။ ကနေရီငှက် များအတွက် အသင့်တော်ဆုံး အစာမှာ မြက်ပင်မျိုးစေ့၊ ပိုက်ဆံ ပင်မျိုးစေ့နှင့် စိမ်းစိုသော အစားအစာများပင် ဖြစ်သည်။ လှောင်အိမ်တွင်းရှိ သောက်ရေနှင့် ချိုးရေများကို မကြာခဏ လဲပေးရ၏။ ကနေရီငှက်များသည် အရိုင်းဘဝတွင် အဆင်အသွေး အမျိုးမျိုးဆောင်၍ လှောင်အိမ်၌ မွေးမြူသောအခါ အနည်းငယ် ပြောင်းလဲသွားတတ်သည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN2006 Database entry includes justification for why this species is of least concern.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)