ကနခို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကနခို
ကနခို
[[Image:{{{ပုံ၂}}}|250px|ကနခို]]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Malpighiales]]
မျိုးရင်း [[ကြက်ဆူမျိုးရင်း]]
မျိုးရင်းသေး [[Crotonoideae]]
မျိုးဇာတ် [[Crotoneae]]
မျိုးစု [[Croton]]
မျိုးစိတ် '''''C. tiglium'''''
ဒွိနာမ
''Croton tiglium''

မာတိကာ

[ပြင်​ဆင်​ရန်​] ကနခို

ကနခိုကို အင်္ဂလိပ်အမည်မှာ Purging Croton ဖြစ်ပြီး ရှမ်းလို Mai-Hkang ဖြစ်သည်။ ကနခို မျိုးရင်းမှာ ကြက်ဆူမျိုးရင်း Euphorbiaceae ဖြစ်သည်။

ကနခိုပင်

[ပြင်​ဆင်​ရန်​] ပုံသဏ္ဌာန်

အပင်သည် အမြဲစိမ်းပင်လတ်မျိုး ဖြစ်သည်။ အမြင့် ၁၅ပေမှ ပေ ၂၀ အထိရှိသည်။ ပင်စည်အခေါက် ညိုပြာပြာရောင်ရှိ၍ ချော၏။ အရွက်မှာ ရွက်လွှဲထွက်သည်။ ဘဲဥပုံသဏ္ဌာန် ရှိ၍ အဖျားချွန်သည်။ အရင်းဝိုင်း (သို့) အနည်းငယ် သွယ်သည်။ ရွက်ပြားပြောင်ချော၍ ရွက်ကြောထင်ရှားသည်။ ရွက်နားခွေးသွားစိတ် ရှိသည်။ ရွက်ညှာရှည်၏။ လိမ်မော်ရောင်မှ အစိမ်းရောင်ထိ ရှိသည်။ အပွင့်သေးငယ်ပြီး အဖိုပွင့်အမပွင့်ရှိသည်။

[ပြင်​ဆင်​ရန်​] Purging Croton (ကနခို)

  • Botany Term : Croton tiglium Linn
  • Species/Family : Euphorbiaceae


ပုံသဏ္ဌာန် : အပင် အမြဲစိမ်း ပင်လတ်မျိုး ဖြစ်သည်။ အမြင့် ၁၅ ပေမှ ပေ ၂၀ ထိရှိ၏။ ပင်စည်အခေါက် ညိုပြာပြာရောင်ရှိ၍ ချော၏။ အရွက် ရွက်လွှဲထွက်သည်။ ဘဲဥပုံသဏ္ဍာန်ရှိ၍ အဖျားချွန်သည်။ အရင်းဝိုင်း သို့မဟုတ် အနည်းငယ် သွယ်သည်။ ရွက်ပြားပြောင်ချော၍ ရွက်ကြော ထင်ရှား၏။ ရွက်နားခွေးသွားစိပ်ရှိ၏။ ရွက်ညှာ ရှည်၏။ လိမ္မော်ရောင်မှ အစိမ်းရောင်ထိ ရှိသည်။ အပွင့် သေးငယ်ပြီး အဖိုပွင့် အမပွင့် ရှိသည်။ အဖိုပွင့်၏ ပွင့်ဖတ်တွင် အမွေးမဲ့၍ ဖြူသည်။ အမပွင့်၏ ပွင့်ဖတ်တွင် အမွေးရှိသည်။ အပွင့်ခိုင်သည် အခက်အလက်တို့၏ အဖျားမှ ထွက်၏။ နယုန် ၊ ဝါဆို လတွင် ပွင့်သည်။ အသီး ထောင့် ၃ ထောင့် ပါရှိသော အက်ကွဲသီးဖြစ်သည်။ အစေ့ချောမွတ်၍ ရှည်ရှည်မျောမျော ပုံရှိသည်။ တပို့တွဲမှ ကဆုန်လအတွင်း အသီးရင့်မှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အစေ့ဆီ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာပြည် ပူအိုက် စွတ်စိုသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အမြင့်ပေ ၂၀၀၀ အထိ စိုက်ပျိုးနိုင်သည်။ ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ- (က) ပျိုးထောင်ခြင်း။ ။ ကနခို ကို သီးသန့်စိုက်မည် ဆိုပါက မြေကို ကောင်းစွာ ထွန်ယက်ပေး ရမည်။ အစေ့ကို ပျိုးထောင်ရန် မလိုဘဲ တိုက်ရိုက်ချ၍ စိုက်နိုင်သည်။ ကနခို အခင်းအနေဖြင့် သီးခြားစိုက်ပါက တစ်ပင်နှင့်တစ်ပင် ၈ ပေ ၁၀ ပေ ခန့် ခွာစိုက်သင့်သည်။ (ခ) ပြုစု ဂရုစိုက်ခြင်း။ ။ ပေါင်းသင်းရှင်းလင်းခြင်း ၊ မြေဆွခြင်း ၊မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းတို့ကို အပင်နှင့် မြေသား အခြေအနေကြည့်၍ ဆောင်ရွက်ပေး ရမည်။ (ဂ) အသီးခူးခြင်း။ ။ ပင်သက် ၃ နှစ်သားမှ စ၍ သီးသော်လည်း ၆ နှစ်သားရောက်မှသာ သီးထွက်ကောင်းသည်။ တပို့တွဲမှ ကဆုန်လအတွင်း အသီးများရင့်မှည့် လာပါက ဆွတ်ခူးပြီး အစေ့ကို ထုတ်ယူရသည်။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ ကနခို စေ့သည်ခါး၏။ ပူသော သတ္တိရှိ၏။ လေသလိပ် ဖောက်ပြန်ခြင်းကို ပျောက်ကင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ အစေ့ဆီသည် လေသလိပ်ကို ကြေစေနိုင်၏။ ဝမ်းတစစ်စစ်သက်သောရောဂါကို ပျောက်ကင်းစေနိုင်၏။ အသည်းရောင်ခြင်းနှင့် မေ့မြောသောရောဂါ ၊ ရွဲ့စောင်းသောရောဂါတို့မှ ကင်းဝေးစေ၏ ။ အဆိပ်ကို ပြေစေသည်။ အသုံးပြုပုံ- အစေ့ ၁။ ကနခိုစေ့ကို ဝမ်းနုတ်ဆေး အပုပ်ချဆေးများတွင်ထည့်သွင်း အသုံးပြုသည်။ ၂။ ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။ အစေ့ဆီ ၁။ အစေ့ဆီကို ချင်းစိမ်းရေနှင့် ရော၍ ကလေးကြက်ညှာချောင်းဆိုးရောဂါ ကု ဆေးအဖြစ်သုံးသည်။ ၂။ ကနခိုဆီ ၁ ဆ နှင့် အုန်းဆီ ၈ ဆ ရောစပ်၍ အဆစ်အမျက်ကိုက်ရောဂါကို လိမ်းပေးက ပျောက်၏ ။ ၃။ ဝမ်းဗိုက်နှင့် စပ်လျဉ်းသောရောဂါ ၊ အကြောတက်ရောဂါ ၊ အဖျားရောဂါ ၊ရောင်နာ ၊ ရင်းနာ ၊ လည်ချောင်း ၊ နားနှင့်ပတ်သက်သော ရောဂါများ အတွက်လည်း အသုံးပြုနိုင်၏။ [၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=125
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်