ကင်းပုံပင်
မာတိကာ |
Wild Snake Gourd (ကင်းပုံ) [ပြင်ဆင်ရန်]
- Botany Term : Coccinia indica W & A
- Species/Family : Cucurbitaceae
ပုံသဏ္ဌာန် [ပြင်ဆင်ရန်]
အပင် [ပြင်ဆင်ရန်]
အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။
အရွက် [ပြင်ဆင်ရန်]
ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အဝိုက် ၃ ဝိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအဝိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည် ။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏ ။ ရွက်ညာ အလွန်ရှည်သည်။
အပွင့် [ပြင်ဆင်ရန်]
ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။
အသီး [ပြင်ဆင်ရန်]
လုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။
မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ [ပြင်ဆင်ရန်]
- အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။
- မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။
- အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ဝမ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။
အသုံးပြုပုံ [ပြင်ဆင်ရန်]
ပဉ္စငါးပါး [ပြင်ဆင်ရန်]
- ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။
အရွက် [ပြင်ဆင်ရန်]
- အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
- ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
- ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏ ။
- ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
- ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
အသီး [ပြင်ဆင်ရန်]
- ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။
အမြစ် [ပြင်ဆင်ရန်]
- အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။) [၁]
