ကင်းခြေများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကင်းခြေများကောင်

ကင်းခြေများ[ပြင်​ဆင်​ရန်​]

ကင်းခြေများကို အပူပိုင်းဒေသများ၌ အတွေ့ရများသည်ဖြစ်ရာ ဗြိတိန်ကဲ့သို့ သမပိုင်းနိုင်ငံတွင် ကင်းခြေများ အငယ်စားအနည်းငယ်မျှကိုသာ တွေ့ရှိရသည်။ ဗြိတိန်နိုင်ငံ၌ရှိသော ကင်းခြေများသည် ခြံဥယျာဉ်အတွင်း၌ စိုက်ပျိုးထားသောအပင်များကို ကိုက်ဖြတ်ဖျက်ဆီးမည့် ပိုးကောင်မွှားကောင်တို့အား သတ်ဖြတ်စားတတ်ကြသဖြင့် ခြံဥယျာဉ် စိုက်ပျိုးလုပ်ကိုင်သူတို့၏ မိတ်ဆွေကောင်းများသဖွယ် ဖြစ်ကြသည်။

ကင်းခြေများအကြီးစားတို့ကို အနောက်အိန္ဒိယကျွန်းစုနှင့် တောင်အမေရိကတိုက်တို့တွင်တွေ့ရ၍ အချို့မှာ ၁၈ လက်မမျှ ရှည်လျားကြသည်။ ကင်းခြေများသည် အလွန်ရက်စက် ကြမ်း ကြုတ်သည့်အလျောက် ပိုးမွှားများ၊ တိရစ္ဆာန်ငယ်များနှင့် ငှက် ကလေးတို့ကို အဆိပ်ဆူးများဖြင့် ထိုးသတ်ပြီးမှ စားသောက် လေ့ရှိသည်။ ယင်း၏အဆိပ်ဒဏ်မှာ ပြင်းထန်လွန်းသဖြင့် တိရစ္ဆာန် အချို့ကို သေစေနိုင်သည့်အပြင်၊ ကင်းခြေများ ထိုး မိလျှင် လူတို့ပင် မချိမဆန့်ခံရတတ်သည်။

ကင်းခြေများ၏ကိုယ်မှာရှည်၍ အဆစ်အပိုင်း မြောက်မြား စွာရှိသည်။ အဆစ်အပိုင်းတစ်ခုစီတွင် ခြေ ၂ ချောင်းကျပါ ရှိရာ၊ ခြေထောက်ပေါင်းများစွာရှိသောကြောင့် ကင်းခြေများဟု အမည်မှည့်ခေါ်ထားသည်။ ကင်းခြေများတစ်မျိုးနှင့်တစ်မျိုးတွင် ကိုယ်အဆစ်အပိုင်းအရေအတွက်ချင်း မညီကြသဖြင့် ခြေ ထောက်အရေအတွက်မှာလည်း ကွာခြားကြသည်။ သို့ရာတွင် များသောအားဖြင့် ကင်းခြေများ၌ ကိုယ်အဆစ်အပိုင်း ၂၃ ပိုင်း ခန့်ရှိတတ်သည်။ ကင်းခြေများတို့ကဲ့သို့ ပိုးနသန်ကောင်များ၌ လည်း ခြေချောင်းများစွာရှိသည်။ သို့သော် ကင်းခြေများ လောက် မဖျတ်လတ်ချေ။ ကင်းခြေများတွင် ခေါင်းပိုင်းရှိ ရှေ့ဆုံးခြေထောက်အစုံမှာ အဆိပ်ဆူးများဖြစ်သည်။ ဦးခေါင်း ပေါ်တွင်ရှိသော အာရုံမှင်ရှည်များသည် အစဉ်သဖြင့်လှုပ်ရှား လျက်ရှိ၍ ကင်းခြေများသည် ထိုအာရုံမှင်ကို မျက်စိသဖွယ် အသုံးပြုသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)