ကင်ပွန်း​ချဉ်ပင်

Wikipedia မှ
(ကင်ပွန်းပင် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကင်ပွန်းပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Fabales]]
မျိုးရင်း [[Fabaceae]]
မျိုးစု [[Acacia]]
မျိုးစိတ် '''''A. concinna'''''
ဒွိနာမ
''Acacia concinna''

ကင်ပွန်းပင်[ပြင်​ဆင်​ရန်​]

ရုက္ခဗေဒအလိုအားဖြင့် 'အကေးရှား ကွန်စင်းနား' ဟုခေါ်သောအပင်မှာ ကင်ပွန်းပင် ပင်ဖြစ်သည်။ ထိုအပင်ကို ကင်ပွန်းချဉ်။ ဆူးပုပ်ဟုလည်းခေါ်ကြသေးသည်။ မျိုးစိတ်ပေါင်း ၅၅ဝ မျှရှိပြီး ကမ္ဘာ တဝှမ်းလုံးရှိနွေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ အရွက်များမှာရွက်ပေါင်းဖြစ်သည်။ မွှေးကြိုင်၍ သေးငယ်သော အပွင့်ကလေးများ အပြွတ်လိုက် ပွင့်လေ့ရှိသည်။ အစေ့များ ပါရှိသော အသီးတောင့်များ သီးသည်။ အစေ့များ ရှိရာတွင် အဆစ်သဖွယ်ချိုင့်လျက် ရှိသည်။

ထနောင်းစေးသည် 'အကေးရှားဆင်နီဂေါ' ခေါ် ကင်ပွန်းပင်တစ်မျိုးမှထွက်သော အစေးဖြစ်သည်။ ကင်ပွန်းပင်မျိုးမှ အခေါက်များသည် သားရေနယ်ရာတွင် အသုံးဝင်သည်။

မြန်မာနိုင်ငံရှိ ကင်ပွန်းပင်ကို အစေ့မှ စိုက်ပျိုးယူကြသည်။ အပင်မှာ နွယ်ယောင်ပင်ယောင်ဖြစ်သည်။ ပင်စည်နှင့် အရွက်တံတို့တွင် ဆူးများရှိသည်။ အရွက်များသည် ရွက်ဆိုင်ထွက်ကြပြီး ရွက်ပေါင်းများဖြစ်သည်။ မန်ကျည်းရွက် လောက်မကြီးကြချေ။ ပင်စည်အရွယ်မှာ ခြေသလုံးအရွယ်၊ ပေါင်လုံးအရွယ်မျှ ရှိသည်။ နွယ်လျှင် အပင်ရှည်တတ်သည်။ အရွက်ကိုစားရသည်။ ကင်ပွန်းသီးကို မြန်မာအမျိုးသမီးများ ခေါင်းလျှော်ရာတွင် အသုံးပြုလေ့ရှိကြသည်။ ဆေးဖက် လည်းဝင်သည်။[၁]

Lapoot (ကင်ပွန်းချဉ်)[ပြင်​ဆင်​ရန်​]

  • Botany Term : Acacia concinna DC
  • Species/Family : Mimosaceae


ပုံသဏ္ဌာန်[ပြင်​ဆင်​ရန်​]

အပင်[ပြင်​ဆင်​ရန်​]

- ဆူးရှိသောချုံပင်မျိုးဖြစ်၏ ။ ပင်စည်ပျော့၏ ။ အစိမ်းရောင် အခက်များပေါ်တွင် နီမှိုင်းသော အစင်းများ ရှိပြီး သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေသည်။

အရွက်[ပြင်​ဆင်​ရန်​]

- နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄-၆ လက်မရှည်၍ ရွက်ကလေး ၄-၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂-၂၀ ရှိသည်။ ရွက်မြွှာများ ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်း ရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်း ဝိုင်း၍ အဖျားချွန်သည်။

အပွင့်[ပြင်​ဆင်​ရန်​]

- တစ်ပင်တိုင် ပန်းခိုင်ဖြစ်၍ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းကဲ့သို့ ပွင့်သည်။

အပွင့်[ပြင်​ဆင်​ရန်​]

- အဝါ ရောင်ဖြစ်သည်။ အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ဝါဆိုလအတွင်း ပွင့်သည်။

အသီး[ပြင်​ဆင်​ရန်​]

- အသားထူသော အသီးတောင့်ရှည်မျိုး ဖြစ်သည်။ ပြား၍ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များ ဖြစ်နေသည်။ အစေ့ အနက်ရောင်ရှိ၍ နတ်တော်လနှင့် ပြာသိုလတွင် သီးသည်။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

  • အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အသီး ၊ အရွက်။
  • မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများ၌ အများဆုံး တွေ့ရသည်။ သဘာ၀အလျောက် ပေါက်ရောက်သည်။
  • အသုံးဝင်ပုံ : အာနိသင်

- မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည် ။ ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ဝမ်းရပ်ခြင်းကို ပြုတတ်၏ ။ ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ဝမ်းကို သက်စေသည်။

အသုံးပြုပုံ-[ပြင်​ဆင်​ရန်​]

အသီး[ပြင်​ဆင်​ရန်​]

  1. အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။
  2. အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့ ဆေးရည်အဖြစ် သုံးသည်။
  3. အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။
  4. အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။
  5. အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။
  6. စိန်နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။

အရွက်[ပြင်​ဆင်​ရန်​]

  1. အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။
  2. အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။
  3. အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။
  4. အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏ ။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  2. http://arogyamonline.com/commodity/materials/?raw=65