ကင်ပိမ့်ပင်

ဝီကီပီးဒီးယား မှ

ကင်ပိမ့်ပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
B. alba
ဒွိနာမ
Basella alba
Synonyms

Basella rubra Roxburgh

ကင်ပိမ့်ပင်သည် စားသုံးနိုင်သောအပင်ဖြစ်ပြီး အိန္ဒိယကျွန်းဆွယ်၊ အရှေ့တောင်အာရှနှင့် နယူးဂီနာနိုင်ငံဇာတိဖြစ်သည်။ တရုတ်နိုင်ငံ၊ ဘရာဇိးနိုင်ငံ၊ အာဖရိကတိုက်နှင့် ကိုလမ်ဘီယာနိုင်ငံတို့တွင် သဘာဝအလျောက်ပေါက်ရောက်သည်။[၁]

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်[ပြင်ဆင်ရန်]

နှစ်ကြာခံနွယ်ပင်မျိုးဖြစ်၍ အခက် အလက် များ ဖြာထွက်၏ ။ ပင်စည်သွယ်ပြီး အလွန် ရှည်သည်။ လက်ယာဘက်သို့ နွှယ်တက်သည်။ ပင်စည် အရည်ရွှမ်းပြီး ပြောင်ချော၍ အစိမ်းရောင် သို့မဟုတ် ခရမ်းရောင်ရှိသည်။

အရွက်[ပြင်ဆင်ရန်]

၂-၅ လက်မခန့် ရှည်ပြီး ၁-၃ လက်မထိ ကျယ်သည်။ အရွက် ထူသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်း နှလုံးပုံရှိသည် ။ ရွက်ပြားချောပြီး ရွက်ညှာ ၁/၂ လက်မမှ တစ်လက်မထိ ရှည်သည်။ ရွက်နားညီသည်။

အပွင့်[ပြင်ဆင်ရန်]

အဖြူရောင် သို့မဟုတ် အနီရောင်ဖြစ်သည်။ ပွင့်ညှာမဲ့ ကြားထွက် တစ်ပင်တိုင်ပန်းခိုင်ဖြစ်သည်။ တန်ဆောင်မုန်းလမှ တပို့တွလအတွင်း ပွင့်သည်။

အသီး[ပြင်ဆင်ရန်]

စားတော်ပဲခန့်ရှိ တစ်စေ့သီး ဖြစ်သည်။ အဖြူ သို့မဟုတ် အနီရောင်ဖြစ်၏ ။ မှည့်သောအခါ ခရမ်းရောင်ရှိသည်။ တပေါင်းလ၊ တန်ခူးလတွင် သီးသည်။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ[ပြင်ဆင်ရန်]

  • အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အရွက် ၊ အမြစ်။
  • မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : အပူပိုင်းဒေသတွင်ပေါက်ရောက်သည်။
  • ပေါက်ရောက်ပုံ : သဘာ၀အလျောက် အလေ့ကျပေါက်ပင် ဖြစ်သည်။
  • အသုံးဝင်ပုံ : အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ကင်ပိမ့်သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊ သလိပ်ကို ဖြစ်စေ၏ ၊ ၀ဖြိုးစေ၏ ၊ နှုတ်ကို မြိန်စေ၏ ၊ ထိုင်းမှိုင်းစေ၏ ၊ အိပ်ပျော်စေ၏ ။

အသုံးပြုပုံ-[ပြင်ဆင်ရန်]

အရွက်[ပြင်ဆင်ရန်]

  1. အရွက်မှ ထုတ်၍ ရသော အဆီသည် အပူနာ ၊ ယားနာ ၊ နှင်းခူတို့ကို ပျောက်ကင်းစေသည်။
  2. အရွက်ကို ကြိတ်၍ အနာပေါ်၌ သုတ်လိမ်းပေးလျှင် အနာပူလောင်ခြင်း နည်းပါး၍ ကျက်သွား၏
  3. အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပါက ဆီးပူ ညောင်းကျရောဂါ ပျောက်ကင်း၏။
  4. အရွက်ကို နှာစေး ချောင်းဆိုးနာများနှင့် ကိုယ်ဝန်ဆောင် မိန်းမများ ဝမ်းချုပ်ခြင်း အတွက် အသုံးပြုသည်။

အမြစ်[ပြင်ဆင်ရန်]

  1. အမြစ်ပြုတ်ရည်သည် သည်းခြေနှင့် စပ်လျဉ်းသော အော့အန်ခြင်းကို ပျောက်ကင်း စေသည်။

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]